နိုဝင်ဘာလ
၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်
ဆန်ဖရန်စစ္စကို မြို့တွင် ကျင်းပမည့် Hackathon ပြိုင်ပွဲတွင် ဆုကြေးအဖြစ်
ဒေါ်လာ ၁ ဒသမ ၆ သန်း ချီးမြှင့်မည် ဖြစ်ကြောင်း ပြိုင်ပွဲကို ကြီးမှူး
ကျင်းပသည့် AngelList Syndicate ကုမ္ပဏီမှ ပိုင်ရှင် ဂျေဆန်ကာလာကာနစ်က
ထုတ်ပြန် ကြေညာသည်။
ယခုနှစ်ကျင်းပမည့် ဟက်ကာစွမ်းရည် ပြိုင်ပွဲသို့
ကွန်ပျူတာ ဆော့ဖ်ဝဲရေးသူ (Developer) ပေါင်း တစ်ထောင်ကျော် ဝင်ရောက်
ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး နောက်ဆုံးဆန်ခါတင် အဆင့်သို့ ရောက်လာသည့်
ဟက်ကာ
နှစ်ဦးသည် ဒေါ်လာ ရှစ်သိန်းစီရမည် ဖြစ်သည်။
ယမန်နှစ်က ကျင်းပခဲ့သည်
ပြိုင်ပွဲတွင် CMS Tool ကို Code မပါဘဲ စွမ်းဆောင် ပြနိုင်သည့် WizzyWig
ဟက်ကာ အဖွဲ့က ဒေါ်လာတစ်သိန်း ဆုကြေးအဖြစ် လက်ခံရရှိသွားခဲ့သည်။
ကာလာကာနစ်က
ယခုလိုပွဲမျိုးကို နှစ်စဉ် ကျင်းပပေးနိုင်ရန် နည်းပညာ ကုမ္ပဏီများအနေဖြင့်
ပူးပေါင်းပြီး ရန်ပုံငွေများ ထည့်ဝင်မတည်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဘဏ်တွင် ငွေကြေးများကို အခိုင်အမာ ထည့်ဝင် ထူထောင်ထားမှသာလျှင် နှစ်စဉ်
ကျင်းပနိုင်မည်ဟုလည်း သူကဆိုသည်။
အနည်းဆုံး ဒေါ်လာ ၁၀ သန်းခန့်
ဘဏ်ထဲတွင် မတည်ထားမှသာလျှင် နောက်သုံးနှစ်မှ ငါးနှစ်အထိ
ပြိုင်ပွဲများဆက်လက် ကျင်းပနိုင်လိမ့်မည်ဟုလည်း ကာနစ်က ပြောကြားသည်။
ယခုအခါ
အပြုသဘောဆောင်သော ဟက်ကာများ မွေးထုတ်နိုင်ရေးနှင့် လူငယ် နည်းပညာရှင်များ
ပေါ်ထွန်းရေးအတွက် သူက ငွေကြေးများ စိုက်ထုတ်ကာ Hackathon ကို
ကျင်းပပေးခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment