အာမခံ
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့်
ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်မည့် အာမခံ အသင်းကို မကြာမီ
ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့်
ညှိနှိုင်းဆွေးနွေးပွဲတွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
"အာမခံ ကုမ္ပဏီတွေပါတဲ့ အာမခံအသင်းကို ထူထောင်မယ်။ အသင်းက
ဘာလုပ်မလဲဆိုရင် အာမခံလုပ်ငန်း တိုးတက်ဖို့၊ အာမခံ အသိပညာ ပြန့်ပွားဖို့
လုပ်ပေးမယ်" ဟု ၎င်းကဆိုသည်။ အဆိုပါအသင်း ဖွဲ့စည်းရန်အတွက် ပုဂ္ဂလိက အာမခံ
ကုမ္ပဏီများမှ သဘောတူညီကြပြီး မြန်မာ့အာမခံ လုပ်ငန်းမှလည်း အဖွဲ့ဝင်အဖြစ်
ပါဝင်ဆောင်ရွက်မည်ဖြစ်ကာ အာမခံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်
ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
"နိုင်ငံတကာမှာ အာမခံ
ကုမ္ပဏီတွေပေါ်ပြီး နှစ်ပေါင်းလေးငါးဆယ် ကျော်တဲ့အခါမှသာ အာမခံအသင်းကို
ဖွဲ့ကြတာ။ မြန်မာပြည်မှာက အာမခံ ကုမ္ပဏီတွေပေါ်ပြီး သုံးလေးလ ကြာတဲ့အခါမှာ
အာမခံအသင်းဖွဲ့ဖို့ စဉ်းစားတယ်ဆိုတော့ တော်တော်လေးကို ရှေ့ရောက်တယ်
ပြောရမှာပေါ့။ NGO ပုံစံမျိုးပဲ ဖွဲ့စည်းသွားမှာပါ။ အကျိုးကျေးဇူးတွေ
အများကြီး ရမယ်။ အာမခံ ကုမ္ပဏီတွေ ကြားထဲမှာ ကောင်းသော
ယှဉ်ပြိုင်ခြင်းမျိုးနဲ့ ပြိုင်ဆိုင်တာ ဖြစ်သွားမယ်။ အာမခံ လုပ်ငန်းနဲ့
အာမခံပညာ တိုးတက်ဖို့ အထောက်အကူ ဖြစ်မယ်။ ကိစ္စတစ်ခုခု ဖြစ်လာရင် အသင်းက
စုပေါင်းဆုံးဖြတ်တဲ့အတွက် စနစ်တကျ ဖြစ်သွားမယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပုဂ္ဂလိက
အာမခံ ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်တွင် မြန်မာ့အာမခံ လုပ်ငန်းမှ
လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး လက်ရှိတွင် လိုင်စင်ချထားပေးသည့် ကုမ္ပဏီ
၁၁ ခု ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများကို မီးအာမခံ၊ အလုံးစုံ
မော်တော်ယဉ် အာမခံ၊ အသက်အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ သမာဓိ အာမခံ၊
ငွေသားလုံခြုံမှု အာမခံတို့ကိုသာ လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment