မြန်မာနိုင်ငံတွင်
ပထမဆုံးအကြိမ် ပြုလုပ်မည့် အီးယူ-မြန်မာ အလုပ်ရုံ ဆွေးနွေးပွဲသို့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂရုံးထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ထူထောင်လိုသဖြင့်
ယင်းတွေ့ဆုံပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေး
အရာရှိ မစ္စစ်ကက်သရင်း အက်ရှတန်က ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ဥရောပနိုင်ငံများသည်
မဟာဗျူဟာကျသော နယ်ပယ်များ ဖြစ်သည့် စက်ရုံ၊ အသေးစားနှင့် အလတ်စား
လုပ်ငန်းများ၊
ကုန်ကြမ်းများနှင့် ခရီးသွား လုပ်ငန်းများတွင်
မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လိုကြောင်း ဥရောပ ကော်မရှင်
ဒုတိယဥက္ကဋ္ဌ Antonio Tajani က ပြောကြားသည်။
ယခုနှစ် မတ်လအတွင်း ဥရောပ
သမဂ္ဂအဖွဲ့ဝင် နိုင်ငံများ သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်စဉ်က
အီးယူ-မြန်မာ အလုပ်အဖွဲ့၏ ပထမဆုံး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး
နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများကို
ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။
ယခု တွေ့ဆုံပွဲကိုလည်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး အရာရှိ မစ္စစ်ကက်သရင်း
အက်ရှတန်တို့ တက်ရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂရုံးထံမှ ထပ်မံ သိရှိရသည်။
ယင်းတွေ့ဆုံပွဲကို
နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ များတွင် ရန်ကုန်မြို့ UMFCCI ၌
ပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ တွေ့ဆုံပွဲကိုမူ နေပြည်တော်ရှိ
မြန်မာကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂရုံးက
ထုတ်ပြန်ထားသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment