
ခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးတွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ
အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည်
ဖော်သွားမည်ဖြစ်ပြီး ပထမအဆင့် ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ်
အကုန်တွင် အလုပ်သမား ၅၈၀၀၀ ခန့် အလုပ်အကိုင် ရရှိနိုင်မည်ဟု ကျောက်ဖြူ
အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း၏ တင်ပြချက်
စာတမ်းအရ သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပထမဆင့်အဖြစ်
(၂၀၁၄- ၂၀၁၆)၊ ဒုတိယဆင့်အဖြစ် (၂၀၁၇- ၂၀၂၀) နှင့် တတိယဆင့်အဖြစ် (၂၀၂၁-
၂၀၂၅) အထိ ခန့်မှန်းကာလ သတ်မှတ်ပြီး အဆင့်သုံးဆင့်ခွဲကာ အကောင်အထည်
ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမဆင့်စီမံကိန်း အကောင်အထည်
ဖော်မှုတွင် ဆိပ်ကမ်း၊ အထူးစီးပွားရေး ဇုန်အတွက် အသားတင်
ဧရိယာနှင့်
အိမ်ရာများ အတွက် စုစုပေါင်း ၁၄၅ ဟက်တာခန့် ပါဝင်မည်ဖြစ်သည်။
အထူးစီးပွားရေးဇုန်
ပထမဆင့်အတွက် ခန့်မှန်းလုပ်ငန်း အမျိုးအစားများမှာ အထည်ချုပ်လုပ်ငန်း
ရာခိုင်နှုန်း ၃၀၊ ငါးပြုပြင် ထုပ်ပိုးခြင်းလုပ်ငန်း ရာခိုင်နှုန်း ၅၀ နှင့်
အခြားအသေးစား လုပ်ငန်းများ (ရာခိုင်နှုန်း ၂၀ ခန့် ပါဝင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင်
ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အကြံပေးကုမ္ပဏီ
အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်ကို နိုဝင်ဘာလကုန်အထိ
လုပ်ဆောင်သွားမည်ဖြစ်သည်။
စီမံကိန်း ပထမဆင့်အတွက် ရှေ့ဆက်
လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါ
ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဆက်လက် လုပ်ဆောင်ရန် ကျန်နေသည်များနှင့်
လာမည့်ဒီဇင်ဘာ မှ ၂၀၁၄ ဧပြီအထိ စီမံကိန်း ရင်းနှီးတည်ဆောက်သူ
အိတ်ဖွင့်တင်ဒါ ခေါ်ယူမည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၄ ဧပြီမှ
စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန်
စီမံကိန်းကို ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်ခန့်အကွာ၊
စစ်တောကျေးရွာနှင့် စီမော်ကျေးရွာ အနီးတစ်ဝိုက်တွင် တည်ဆောက်မည်ဖြစ်ပြီး
အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ စီးပွားရေး နယ်ပယ်များနှင့် ဆက်စပ်နေသဖြင့်
အဓိကကျသည့် စီးပွားရေးဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကျောက်ဖြူအထူး
စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်အနေဖြင့်
ကျပ်သန်းကိုးသောင်းခန့် ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်နှင့်
စက်မှုလက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သန်းတင့်က ပြီးခဲ့သည့် သြဂုတ်က
ပြောကြားသည်။
(ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းရှိ ဆိပ်ခံတံတား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဌေးသန်း))
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




2:20 AM
sayarchan.blogspot.com
0 comments:
Post a Comment