
ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင်
စည်းကမ်းမဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့်
ဖယ်ရှားအရေးယူရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးရေး
အဖွဲ့များကို တိုးမြှင့်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယခုလက်ရှိ အချိန်အထိ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီး ပေါင်း ၃၇ လမ်း ရှိနေပြီး
မကြာမီတွင် ယာဉ်မရပ်ရအဖြစ် လမ်း ၁၀ လမ်းကိုလည်း ထပ်မံတိုးချဲ့
သွားမည်ဖြစ်ကြောင်း သိရသည်။
နေ့စဉ် စည်းကမ်းမဲ့စွာ ရပ်နေသည့်
မော်တော်ယာဉ်များကို စစ်ဆေးရေးနှစ်ဖွဲ့ဖြင့် ဖယ်ရှားအရေးယူ နေသော်လည်း
ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့ကို ထပ်မံတိုးချဲ့
လိုက်ပြီးဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက ဆိုရင်တော့
ရန်ကုန်တိုင်း တစ်ခုလုံးမှာ တစ်နေ့ကို ဖမ်းဆီးရေး အဖွဲ့နှစ်ဖွဲ့ပဲ
လှည့်လည်ပြီး ဖမ်းဆီးနေတာပါ။ အခုဆိုရင် လေးဖွဲ့နဲ့ ဖမ်းဆီးသွားမယ်။ Down
Town မြို့နယ်တွေထဲမှာ တစ်ဖွဲ့ထားရှိသွားမယ်'' ဟု လမ်းပန်းဆက်သွယ်ရေးနှင့်
ပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။
ယင်းကဲ့သို့ ကရိန်းယာဉ်များဖြင့်
ဖယ်ရှားအရေးယူမှုကို နိုဝင်ဘာ ၁၁ ရက်မှ စီမံချက်ဖြင့် စတင်ခဲ့ပြီး နိုဝင်ဘာ
၂၆ ရက်အထိ မော်တော်ယာဉ် အစီးရေပေါင်း ၃၀၁ စီးကို အရေးယူခဲ့ကြောင်း
အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။
(ဘုရင့်နောင်
လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် အငှားယာဉ်တစ်စီးအား
ကရိန်းယာဉ်ဖြင့် ဖယ်ရှားသယ်ဆောင် နေသည်ကို နိုဝင်ဘာ ၁၃ ရက်က မြင်တွေ့ရစဉ်
(ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်))
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:18 AM
sayarchan.blogspot.com
0 comments:
Post a Comment