နိုင်ငံတော်သို့
ရွှေပေးသွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများနှင့် ကြွေးကျန် ကုမ္ပဏီများကို
စစ်ဆေးမည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥပဒေကို နားလည် တတ်ကျွမ်းသည့်
လွှတ်တော် ကိုယ်စားလှယ်များ၊ သတ္တုနှင့် သယံဇာတအကြောင်း နားလည်သည့်
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော် နာယက၊
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌတို့ထံ
နိုဝင်ဘာလ ၂၀ ရက်နေ့က တင်ပြ တောင်းဆိုထားကြောင်း ဝေမြင့်စံသာ ရွှေတူးဖော်ရေး
ကုမ္ပဏီပိုင်ရှင် ဦးမောင်မောင်မြင့်ဝင်းက ပြောကြားသည်။
ယခင်က
သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက
ဖွဲ့စည်းဆောင်ရွက်ခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အမှတ် (၂) သတ္တုတွင်း
လုပ်ငန်းနှင့် ရွှေတူးဖော်သည့် ကုမ္ပဏီများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများ
ဖြေရှင်းရာတွင် မျှတမှု မရှိခြင်းကြောင့် ရွှေတူးဖော်ရေး
လုပ်ငန်းရှင်များအတွက် နစ်နာမှုများ ရှိသဖြင့် ယခုကဲ့သို့ တောင်းဆိုခြင်း
ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“နှစ်ဖက်ပြဿနာ ဖြစ်လို့ စစ်ဆေးတဲ့အခါ
သူတို့ဌာနမှာပဲ ခုံရုံးသဘောမျိုးနဲ့ စစ်တယ်။ ခုံရုံးမှာက သူတို့
ဝန်ထမ်းတွေပဲ။ တရားလိုလည်း သူတို့၊ တရားသူကြီးလည်း သူတို့ ဖြစ်နေတယ်။
ကျွန်တော်တို့က သူတို့ ဌာနလက်အောက်ခံ အဖွဲ့အစည်းတွေ
မဟုတ်တဲ့အတွက် တတိယ
အဖွဲ့အစည်းကပဲ စစ်ဆေး ဆုံးဖြတ် ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။
ရွှေတူးဖော်ရေး
ကုမ္ပဏီများအနေနှင့် လုပ်ငန်း လုပ်ကိုင်ပါက အမှတ် (၂) သတ္တုတွင်း
လုပ်ငန်းနှင့် ကုမ္ပဏီများအကြား နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုထားကြောင်း၊
စာချုပ်တွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ဝန်ထမ်းများနှင့် ကုမ္ပဏီဘက်မှ
လိုက်နာရမည့် သဘောတူညီချက် ၃၁ ချက် ပါရှိပြီး သတ္တုတွင်း ဝန်ထမ်းများ
စာချုပ်ပါ အချက်အလက်များကို မလိုက် နာခြင်းကြောင့် နှစ်ဖက်အကြား ပြဿနာများ
ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း ဦးမောင်မောင်မြင့်ဝင်းက ထပ်မံပြော ကြားသည်။
ရွှေပေးသွင်းရန်
ကျန်ရှိသည့် ကုမ္ပဏီများနှင့် တချို့တစ်ဝက် ပေးသွင်းထားသော ကုမ္ပဏီများက
ပေးသွင်း ရမည့် ရွှေကြွေးကျန်များကို စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့်
စစ်ဆေး၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးပေးသွင်းရန်၊
ရွှေမပေးသွင်းနိုင်သည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့်
စစ်ဆေးပြီး သက်ဆိုင်ရာ တရားရုံးများတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုဝင်ဘာလ ပထမပတ်က
ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေး
အဖွဲ့တွင် ဥပဒေ ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များစသည့် တတိယ
အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ ပါဝင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကနှင့်
အခြားသက်ဆိုင်ရာ ဌာနများသို့ တင်ပြတောင်းဆိုသည့် စာတွင် ကချင်ပြည်နယ်တွင်
ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ၂၇ ခုက လက်မှတ်
ရေးထိုးထားကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment