Related Posts Plugin for WordPress, Blogger...

Wednesday, November 6, 2013

ဇနီးမယားအဖြစ် ထိမ်းမြားအပ်သော မိန်းမများ


(၁) အကြင်မိန်းမပျိုသည် ရွှေသောအသားအရေလည်းရှိ၏။

(၂) သမင်မျက်စိကဲ့သို့ ညိုသောမျက်စိရှိ၏။

(၃) ခါးသေးတင်ကျယ် ငယ်သောဝမ်းရှိ၏။

(၄) ဆင်နှမောင်းကဲ့သို့ အရင်းမှသည် အဖျားတိုင်အောင် သွယ်သောပေါင်ရှိ၏။


(၅) ဖြေချ၍ နောက်သို့လှန်သော် ရှည်သော အဖျားကော့တတ်သောဆံပင်ရှိ၏။

(၆) ကြီး,ငယ်မထင် ညီညွတ်သောသွားအစဉ်ရှိ၏။

(၇) နက်သောချက်ရှိ၏။

(၈) ကောင်းမြတ်သောအလေ့အကျင့်ရှိ၏။

ထိုမိန်းမပျိုကို ယုတ်သောအမျိုး၌ဖြစ်သော်လည်း ဆက်ဆံထိမ်းမြားရ၏။

ယင်းသို့ဖြစ်ရာ မြန်မာအမျိုးသမီးများသည်မကောင်းမှု ပြုရမှာကို ရှက်ခြင်း ၊ ကြောက်ခြင်းဟူသော ဟီရိဩတ္တပ္ပ တရားနဲ့အညီ ယဉ်ကျေးသိမ်မွေ့စွာပြုမူနေထိုင်ကြလျှက် အကျော်ဇေယျတော်လေးဝဖြစ်သည့် အမရာ ၊ ကိန္နရီ ၊ မဒ္ဒီ ၊ သမ္ဘူလတို့ကဲ့သို့ ဇနီးကောင်း,ဇနီးမြတ်များရစေရန် ရေးသားတင်ပြ ဆန္ဒပြုလိုက်ပါတယ်။ ။

Sayar Chan သူငယ်ချင်း မိန်းကလေးများအား ယဉ်ကျေးလိမ္မာပြီး တန်ဖိုးမဖြတ်နိုင်သည့် မိန်းကလေးများ ဖြစ်စေရန် နှင့် Sayar Chan သူငယ်ချင်း ကောင်လေး အားလုံးလည်း မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်ပြီး တင်ပြပါသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U