မလေးရှားနိုင်ငံ
ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ
အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏
လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ်
အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ
ဦးမြတ်သူက ပြောကြားသည်။
MAI စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည်
ရောက်ရှိလာသည့် လုပ်သားများသည် ဒုက္ခသည်စခန်း ဂျိုဟိုး၊ လေးညှင်း စသည့်
ဒုက္ခသည်စခန်း ကိုးခုမှ ပြန်လည် ခေါ်ဆောင်လာခြင်း ခံရသူများ ဖြစ်ပြီး
မြန်မာနိုင်ငံ လေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် လုပ်သားတစ်ဦးလျှင်
ကျပ်နှစ်သောင်းစီ လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
“Camp ထဲက လူတွေစုတယ်။
၁၇၀ ပြည့်သွားရင် ထပ်ခေါ်မယ်။ ဒီကြားထဲ ပြန်ချင်ရင်တော့ ကိုယ့်စရိတ်နဲ့
ကိုယ်ပေါ့” ဟု ဦးမြတ်သူက ထပ်မံပြောကြားသည်။
ဒုက္ခသည် စခန်းများတွင်
နေထိုင်ရသည်မှာ ရေမလောက်ငမှုများ၊ အစားအသောက် အဆင်မပြေမှုနှင့် လူများ
စုပြုံထည့်ထားခြင်း စသည့်အခက်အခဲ များကို တွေ့ကြုံရသောကြောင့် သီတဂူ အထောက်
အကူအပြု အဖွဲ့မှ ပြန်လည် ခေါ်ဆောင်ရာတွင် လိုက်ပါလာခြင်း ဖြစ်ကြောင်း
မလေးရှားနိုင်ငံ ကော်တရာဂျာယာ ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ရသည့် အသက် ၃၀
အရွယ် ဦးကျော်စိုးက ပြောကြားသည်။
“အလိမ်ခံရတာ အရင်က ထိုင်းမှာ
တရားဝင်ပေါ့။ ထိုင်း အမျိုးသမီး တစ်ယောက်က အလုပ်ကောင်းတယ် ဆိုပြီး ခေါ်တယ်။
လိမ်မှန်းသိလို့ ပြန်လာတော့ အဖမ်းခံရတာ” ဟု ဒုက္ခသည် စခန်းတွင် တစ်လကျော်
နေထိုင်ခဲ့ရသည့် ဒေါ်ဝတ်ရည်ထွေးက ဆိုသည်။
ဒုက္ခသည် စခန်းများကို
ပွဲစားများ၏ လိမ်လည်မှုကြောင့် ရောက်ရှိလာသူများ ရှိပြီး အချို့မှာ စိတ်ဓာတ်
အလွန်အမင်း ကျဆင်းမှုကြောင့် စိတ်ရောဂါ ဖြစ်နေသူ အချို့နှင့် အချင်းချင်း
ခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူများပင် ရှိကြောင်း ပြန်လည်
ရောက်ရှိလာသည့် လုပ်သားများက ဆိုသည်။
ယခုတစ်ကြိမ် ပြန်လည်
ရောက်ရှိလာခြင်းမှာ သတ္တမအကြိမ်မြောက် ဖြစ်ကာ လုပ်သား တစ်ထောင်ကျော်ကို
မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုက္ခသည်
စခန်းများမှ လုပ်သားများကိုသာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် ပြန်လည် ရောက်ရှိလာသည့် လုပ်သား ၁၇၀ ကျော်တွင် အမျိုးသမီး ခြောက်ဦး ပါသည်ကို တွေ့ရှိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment