Related Posts Plugin for WordPress, Blogger...

Friday, November 15, 2013

နိုင်/ကျဉ်း ၆၉ ဦး လွတ်ငြိမ်းခွင့်ရ

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီက တင်ပြခဲ့လို့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးဟာ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။ 



သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်မှာ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်
တာနဲ့ပတ်သက်ပြီး ရေးထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့တဲ့ အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော် သမ္မတက ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြုခဲ့ပါတယ်။

အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့တဲ့ အကျဉ်းထောင်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-
 
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U