Related Posts Plugin for WordPress, Blogger...

Saturday, November 9, 2013

၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့




ဆယ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယားများအရ သတင်းရရှိပါသည်။

ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၆၄၁ ဒသမ ၅၄ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ၁၀ လအတွင်း မီးလောင်ကျွမ်းမူများတွင် မီးဖိုမီး ၃၄၉ ကြိမ်၊ ပေါ့ဆ၍ လောင်သောမီး ၄၈၃ ကြိမ်၊ အလိုအလျောက် လောင်သောမီးမှာ ၃၃ ကြိမ်နှင့် လျှပ်စစ်ကြောင့် လောင်သောမီး ၂၅၅ ကြိမ်၊ မသမာသူ ရှို့သောမီးမှာ ၁၉၃ ကြိမ်၊ တောမီးမှာ ၁၁၁ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ တာ ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ မန္တလေးတိုင်းဒေသကြီးတွင်၂၁၈ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်မှု ၂၁၈ ကြိမ်နှင့် ဒုတိယ အများဆုံးဖြစ်ခဲ့ပြီး၊ မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်းပေါင်း ၁၁၆၇ ဒသမ ၅၀ သန်းကျော်၊ မွန်ပြည်နယ်မှာ ကျပ်သန်းပေါင်း ၆၈၈ ဒသမ ၄၆ သန်းကျော် ဆုံးရှုံးခဲ့ပြီး ဒုတိယ အများဆုံးဖြစ်ကာ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း ၃၅၅ ဒသမ ၉၀ သန်းကျော် ဆုံးရှုံးခဲ့ပြီး တတိယ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံး လအလိုက် မီးလောင်မှုများမှာ ဇန်န၀ါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖေါ်ဝါရီလတွင် ၂၀၁ ကြိမ်၊ မတ်တွင် ၃၂၄ ကြိမ်၊ ဧပြီတွင် ၂၃၇ ကြိမ်၊ မေတွင် ၁၂၃ ကြိမ်၊ ဇွန်တွင် ၈၇ ကြိမ်၊ ဇူလိုင်တွင် အကြိမ် ၇၀၊ သြဂုတ်တွင် ၆၁ ကြိမ်၊ စက်တင်ဘာတွင် ၆၉ ကြိမ်၊ အောက်တိုဘာတွင် ၈၉ ကြိမ် မီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၁၀ လအတွင်း မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၄၅၃၉ လုံး၊ စက်ရုံအလုပ်ရုံ ၁၁ ရုံ၊ ဂိုဒေါင် ၄၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုများကြောင့် လူဦးရေ ၁၄၆၉၆ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း သိရသည်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U