ရိုဟင်ဂျာများကို
နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား
တိုက်တွန်းခဲ့သည့်အဆိုကို လက်မခံကြောင်းနှင့် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂
ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်ဟု အစိုးရနှင့်
ပြည်သူလူထုက တုံ့ပြန်ပြောကြားခဲ့သည်။
ရိုဟင်ဂျာ လူနည်းစုများကို
နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား
တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၁၉ ရက်က အတည်ပြုခဲ့ကြောင်း
အေပီသတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုက်တွန်းခဲ့ခြင်းကို အစိုးရ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထုက လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်။
အစိုးရအနေဖြင့်
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိကြောင်း
ပြောဆိုထားပြီးဖြစ်ချိန်တွင် ကုလသမဂ္ဂက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား
အသုံးပြုပြီး ပြောဆိုခဲ့ခြင်းကို ကန့်ကွက်ကြောင်းနှင့် ဘင်္ဂါလီများ၏
နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေဖြင့်သာ ဆောင်ရွက်မည်ဟု သမ္မတရုံး အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂၀
ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။
"ရိုဟင်ဂျာဆိုတဲ့
တိုင်းရင်းသား ကျွန်တော်တို့နိုင်ငံမှာ မရှိဘူးဆိုတာ ကျွန်တော်တို့
လူကြီးတွေကလည်း ပြောထားတယ်။ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသည် ဒီမှာလည်း
မရှိဘူး။ လ၀က(လူဝင်မှုကြီးကြပ်ရေး) ဥပဒေနဲ့လည်း မညီဘူး။ အဲဒါကို
ကန့်ကွက်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး
သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ၊ ကန့်ကွက်နေတာ
မဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့
မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ညီတဲ့သူကို ပေးမယ်" ဟု
သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
ရခိုင်ပြည်နယ်မှာရှိတဲ့
ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသားအခွင့်အရေးကို
အစိုးရက ငြင်းဆိုနေတာ ၊ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့
နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ်
နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး . . .
မြန်မာနိုင်ငံ၌ တရားဝင်
ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးတွင် ရိုဟင်ဂျာဆိုသည်မှာ
လုံးဝမပါဝင်ကြောင်းနှင့် ဘင်္ဂါလီများ တောင်းဆိုနေသော နိုင်ငံသားဖြစ်ခွင့်ကို
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီက နိုဝင်ဘာ ၂၀ ရက်ထုတ် 7 Day သတင်းဂျာနယ် အင်တာဗျူးတွင်
ပြောကြားခဲ့သည်။
စစ်ကဲပြင်ကျေးရွာတွင် လူဦးရေစာရင်း ကောက်ခံမှုများအတွက် လိုအပ်သော လုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ်
ကုလသမဂ္ဂ
လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် ကုလသမဂ္ဂကိုယ်တိုင်က
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက
ပြောကြားသည်။
"လူသားတစ်ယောက်အနေနဲ့ ဥပဒေအတိုင်း နိုင်ငံသား
ဖြစ်ခွင့်ရတာကို နားလည်တယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့
လက်မခံဘူး။ ရိုဟင်ဂျာဆိုတာ ရှိတာမဟုတ်ဘူး။ ဗမာ့သမိုင်းမှာလည်း မရှိဘူး။
အဲဒီနာမည် တပ်ပြောရင်တော့ ကျွန်တော်လက်မခံဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
ထို့ပြင်
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် နိုင်ငံတော်၏
အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း ဖြစ်သည်ဟု ရခိုင်
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"ဒါဟာ
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်။ စော်ကားတယ်လို့ ပြောရမှာပဲ။
ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ တည်ဆဲဥပဒေတွေ ရှိတယ်။
ဘယ်ပုဂ္ဂိုလ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် တည်ဆဲ ဥပဒေအရပဲ နိုင်ငံသားဖြစ်မှု၊
မဖြစ်မှုဆိုတာကို အတည်ပြုလို့ ရတယ်။ ခွင့်ပြုလို့ရတယ်။ နိုင်ငံတော်မှာ
ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကိုပဲ
ဖြစ်ဖြစ် အလိုအလျောက် နိုင်ငံသားပေးရမယ်ဆိုတာ မဖြစ်သင့်ဘူး။ တည်ဆဲဥပဒေအရသာ
လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၈၂ ခုနှစ်
နိုင်ငံသား ဥပဒေဆိုတာ တည်ဆဲဥပဒေ ဖြစ်တယ်။ ဥပဒေအရပဲ။ ဘယ်လို
ဘယ်ပုဂ္ဂိုလ်မဆို နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။
ဒါကြောင့် ဘယ်အဖွဲ့အစည်း ကုလသမဂ္ဂဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘယ်ပုဂ္ဂိုလ်
ဘယ်လူမျိုးကို နိုင်ငံသားပေးရမယ်လို့ တိုက် တွန်း၍သော် လည်းကောင်း၊
အတင်းအကျပ်သော် လည်းကောင်း ပြောခွင့်မရှိဘူးလို့ ထင်ပါတယ်" ဟု
ဦးအေးသာအောင်က ပြောကြားသည်။
"ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချတိုင်း
တရားမျှတပါတယ်လို့ ပြောလို့မရဘူး။ တရားမျှတပါတယ်လို့လည်း လက်မခံဘူး။
အမှားအယွင်းတွေလည်း ဆုံးဖြတ်ခဲ့တာ ရှိတယ်။ အင်အားကြီး နိုင်ငံဘက်ကိုလည်း
ဘက်လိုက်ပြီး ဆုံးဖြတ်ခဲ့တာတွေ ရှိတယ်။ အခုကိစ္စမှာလည်း လက်ရှိနိုင်ငံက
လက်ခံ-မခံဆိုတာကိုပဲ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်" ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
"နိုင်ငံသားဖြစ်မှု၊
မဖြစ်မှုက ဥပဒေအရ သွားရပါမယ်။ တရုတ်၊ ဟိန္ဒူ၊ ဘင်္ဂါလီ၊ ပါကစ္စတန်ပဲဖြစ်ဖြစ်
ဖြစ်သင့် ဖြစ်ထိုက်တဲ့သူ ဖြစ်ရမယ်။ ပေးသင့်ပေးထိုက်တဲ့သူကို ပေးဖို့ကို
ကျွန်တော်တို့ဘက်က ဘာမှအနှောင်အဖွဲ့ မရှိပါဘူး။ နိုင်ငံသား ဖြစ်သင့်
ဖြစ်ထိုက်တဲ့သူကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ မည်သည့်ပုဂ္ဂိုလ်ကို
မဆိုပါ။ ကျွန်တော်တို့ လက်ခံတယ်။ သူတို့အနေနဲ့လည်း ဒီနိုင်ငံမှာနေချင်ရင်
ဒီနိုင်ငံရဲ့ ကျင့်ထုံးတွေကို လက်ခံရမယ်။ ယဉ်ကျေးမှုကို လက်ခံရမယ်။
ဒီနိုင်ငံမှာနေပြီး ဘင်္ဂါလားဒေ့ရှ်ကို လွမ်းတာမျိုး မလိုလားဘူး။ ပါကစ္စတန်ကို
လွမ်းတာမျိုးမရဘူး။ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာကို တကယ်စောင့်သိနိုင်မလား။
ဒီနိုင်ငံရဲ့ နိုင်ငံတော်သီချင်းတို့၊ နိုင်ငံတော်အလံတို့ကို တကယ်ပဲ
အလေးအမြတ်ထားပြီး ဂါရ၀ပြုနိုင်မလား။ နိုင်ငံရေး ယဉ်ကျေးမှုအရ
ကျွန်တော်တို့တွေရဲ့ ကြားထဲမှာ တကယ်နေနိုင်မလား။ သီးသန့် လူမျိုးအဖြစ်၊
သီးသန့်ဝတ်စုံတွေဝတ်ပြီး နေတာမျိုး ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး" ဟု
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။
ဘင်္ဂါလီများ
နိုင်ငံသားဖြစ်ခွင့်အတွက် အစိုးရက အထောက်အထား စစ်ဆေးမှုများကို
လုပ်ဆောင်ခဲ့ပြီး ဦးဆုံးတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင်
ရိုဟင်ဂျာဆိုသည်ကို ခွင့်ပြုမှ စစ်ဆေးမှုကို လက်ခံမည်ဟု ပြောလာသောကြောင့်
အဆင်မပြေမှုများ ရှိခဲ့ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
"နိုင်ငံသားဖြစ်ခွင့်နဲ့
ပတ်သက်ပြီး ဘယ်သူတွေက ညီတယ်၊ ဘယ်သူတွေက မညီဘူး၊ စိစစ်ဖို့အတွက်
Identification လုပ်ဖို့လိုတယ်။ လိုတဲ့ဟာကို ကျွန်တော်တို့ဆီက လ၀ကက
လုပ်တယ်။ ပထမပိုင်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ အဆင်မပြေဘူး။
အနှောင့်အယှက်တွေ ဖြစ်လာတယ်။ သူတို့က ရိုဟင်ဂျာဆိုတဲ့ဟာကို ခွင့်ပြုမှ
လက်ခံမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ဖြစ်လာတော့ နိုင်ငံရဲ့တည်ဆဲ ဥပဒေအရ
ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတဲ့အတွက် လက်မခံနိုင်တဲ့အခါမှာ
ဆန့်ကျင်တာတွေ၊ နှောင့်ယှက်တာတွေ၊ ဆန္ဒပြတာတွေ၊ လုံခြုံရေးအဖွဲ့တွေကို
ရန်ရှာတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက
ရခိုင်ပြည်နယ် အစိုးရရယ်၊ လ၀ကရယ် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ အဲဒီလို
ပြဿနာတွေဖြစ်တယ်။ ဖြစ်တော့ ဆက်မလုပ်နိုင်ဘူး။ ရပ်ဆိုင်းထားရတယ်" ဟု
သမ္မတရုံး အဆင့်မြင့် အရာရှိက ပြောကြားသည်။
"ကျွန်တော်တို့
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ အများကြီးရှိနေတယ်။ သူတို့တွေနဲ့ ဒေသခံ
တိုင်းရင်းသားတွေ မကြာခဏ ပဋိပက္ခတွေ ဖြစ်နေတယ်။ အဲဒီလိုတွေ ဖြစ်နေတာကိုက
သူတို့ ဘင်္ဂါလီတွေအနေနဲ့ ဧည့်သည်က ဧည့်သည်လိုမနေလို့ ဖြစ်နေတာ။ အဲဒီလို
ဧည့်သည်မျိုးတွေကို ဘယ်နိုင်ငံကမှ အိမ်ရှင်အဖြစ် လက်ခံနိုင်မှာ မဟုတ်ဘူး"ဟု
စစ်တွေဒေသခံ ဦးသာဘန်းက ပြောကြားသည်။
ဘင်္ဂါလီများကို
နိုင်ငံသား ဖြစ်ခွင့်ပြုခြင်းသည် ၁၉၈၂ ခုနှစ် ဥပဒေနှင့်သာ သက်ဆိုင်ပြီး
မြန်မာနိုင်ငံ၌ ခွင့်ပြုပေးထားသော ဘာသာရေး လွတ်လပ်ခွင့်သည် ဒီမိုကရေစီ
အင်အားကြီး နိုင်ငံများထက်ပင် သာလွန်ကြောင်း စီးပွားရေး ပညာရှင်
ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
"သူတို့တိုက်တွန်းချက်က ၁၉၈၂
ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပဲ သက်ဆိုင်တယ်။ နောက်ပြီး
မြန်မာနိုင်ငံမှာ ပေးထားတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ အမေရိကန်၊ အင်္ဂလန်နဲ့
ဂျပန်နိုင်ငံတွေမှာ ပေးထားတာထက် သာတယ်။ ဘာသာရေး အထိမ်းအမှတ် နေ့တွေကိုလည်း
သတ်မှတ်ပေးထားတာပဲ။ ဒီလိုလွတ်လပ်ခွင့်ပေးထားတဲ့ နိုင်ငံက ကမ္ဘာပေါ်မှာ
လက်ချိုးရေလို့ ရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ ပါတယ်"ဟု
ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
၁၉၈၂ ခုနှစ်
မြန်မာနိုင်ငံသား ဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ)
နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ)
ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား
သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ
မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ
မွေးဖွားသော သားသမီးနှင့်-(၁)နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား
သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (စ)
ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော
သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသားသို့ မဟုတ် (၃)
နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ သတ်မှတ်ထားသည်။
"ဥပဒေက
ဒီအတိုင်း ပြဋ္ဌာန်းထားတယ်။ ကျွန်တော်တို့က အဲဒီဥပဒေကို ဘောင်ကျော်ပြီးတော့
လုပ်လို့မရဘူး။ ဥပဒေကို ပြင်ဆင်ပေးပါ ဆိုတာလည်း လက်ရှိလွှတ်တော်ဆိုတာ
သီးခြားမဏ္ဍိုင် ဖြစ်နေပြီ။ လွှတ်တော်က ဒီဥပဒေကို ပြင်မယ်ဆိုရင် အစိုးရက
ဒီအတိုင်းလုပ်မယ်။ လွှတ်တော်က မပြင်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ သွားရမှာပဲ"
ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
လက်ရှိတွင်
မြန်မာနိုင်ငံ၌ ဘင်္ဂါလီဦးရေ ၁ ဒသမ ၃၃ သန်းရှိနေပြီး ရခိုင်ပြည်နယ်
တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်း များအရ သိရသည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment