Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ကျောက်မီးသွေးစက်ရုံဆောက်မည်ဟု သတင်းများထွက်ပေါ်

ငရုတ်ကောင်း မြို့နယ်ခွဲ တွင် ကျောက် မီးသွေး ကြော ရှိသည်ဟု ဒေသခံရွာသား များမှ ပြောဆိုနေပြီး ကျောက် မီးသွေးစက်ရုံဆောက်မည်ဟု သ တင်းများထွက်ပေါ်ခဲ့ခြင်းနှင့်ပတ

် သက်ပြီး မည်သည့် စီစဉ်ဆောင် ရွက်မှုများမှ မရှိသေးပါကြောင်း ကြွေချိုင့်ကျေးရွာမှ အုပ်ချုပ်ရေး မှူးဦးမောင်ဌေး(ခ) ဦးစိုးဝင်းက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ အတည်ပြုပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ်ခွဲ၏ တောင် ဘက်၂၅မိုင်ခန့် အကွာမှ ငရုတ် ကောင်းမြို့နယ်ခွဲအတွင်းရှိ ဂေါ် ရန်ဂျီကျွန်းဘေး မှ ကြွေချိုင့်ကျေး ရွာတွင် ၁၉၉၁ခုနှစ်က ငရုတ် ကောင်းမြို့နယ် ခွဲနှင့် ကြွေချိုင့် ကျေးရွာသို့ဆက်သွယ်သည့် (ကြွေ -စု-ဟန်)ကြွေစုဟန် လမ်းဖောက် လုပ်စဉ်က ကြွေချိုင့်ကျေးရွာ ရွာ ထိပ်ရှိ ဒီဂျင်းတောတွင် တာဘောင် အတွက် မြေတူးရာမှ အရည်အ သွေးကောင်းမွန်သည်ဟု ယူဆ ရသော ကျောက်မီးသွေးငုတ်တွေ့ ရှိသည်ဟု ထိုစဉ်ကကျေးရွာဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဦးလှ၏ ပြောကြားချက်အရ သိရသည်။

ပုဂ္ဂလိကနှင့်ဘူမိဗေဒဌာနဟုဆိုသူတို့မှ ကျောက်မီးသွေး ကြောကိစ္စနှင့်ပတ်သက်ပြီး လာ ရောက်လေ့လာမှုများရှိခဲ့သည်ဟု သိခဲ့ရပြီး တိကျသောလေ့လာတွေ့ ရှိချက်များ မရှိခဲ့ဟု သိရသည်။

အစိုးရဌာနများမှလည်း ကျောက် မီးသွေးတွေ့ရှိမှု၊ ကျောက်မီးသွေး စက်ရုံဆောက်လုပ်မှုကိစ္စနှင့်ပတ် သက်ပြီး ယနေ့အထိ ဆောင်ရွက် မှုများမရှိသလို ကျောက်မီးသွေး ဟုယူဆရသောမြေနေရာကို ပိုင် ဆိုင်သည့် ဒေသခံများမှလည်း အုပ်ချုပ်မှုဌာနများနှင့် မည်သို့ သောဆက် သွယ်ပေါင်းစပ်မှု၊ တင် ပြမှုများမရှိသေးဟု သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U