Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

မြန်မာ့ မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ဂျပန်မှ ယန်းငွေ ၅၃၂၇ သန်းကူညီ




ဂျပန်နိုင်ငံမှ မြန်မာ့မီးရထားလမ်းများ ပြုပြင်ထိန်းသိန်းရေး အတွက် ဂျပန် ယန်းငွေ သန်းပေါင်း (၅၃၂၇) သန်း ထောက်ပံ့ ကူညီလိုက်ကြောင်း တရုတ် သတင်းဌာန ဆင်ဟွာ ( Xinhua) ၏ သတင်း တစ်ပုဒ်ကို  ဘင်္ဂလာဒေခ်ျ့ Newage သတင်းစာတွင်  ဖေါ်ပြသည်။

၎င်းယန်းငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ  ၅၃ ဒဿမ ၂၇၀ သန်းဖြင့် ညီမျှကြောင်း သတင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ မီးရထားလမ်းများ ခေတ်မှီ တိုးတက်လာရေး အတွက် ထိန်းသိမ်းပြုပြင်နိုင်ရန် ရည်ရွယ်ပြီး ယန်းငွေ (၅၃၂၇) သန်း ပမာဏနှင့် ညီမျှသော ခေတ်မှီ ပစ္စည်းကရိယာများအား  မြန်မာနိုင်ငံသို့ ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။

မြန်မာအစိုးရမှ မြန်မာ ရထား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန် အစိုးရထံနှင့် တခြား ကုမ္ပဏီများထံမှ အကူအညီတောင်းခံပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှ Japan International Transport Institution မှ ယင်းအကူအညီအား ပေးအပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျပန် အစိုးရမှ ၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ရထား လုပ်ငန်း အတွက်  စီမံကိန်း (၁၁) ကို အကောင် အထည်ဖေါ်ဆောင်ရွက် ပေးနေပြီး  ပထမဆုံး အနေဖြင့် ရန်ကုန်- မန္တလေး ရထားလမ်း၏ ကီလိုမီတာ ၂၆၅ ရှည်လျားသည့် ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ပထမဆုံး ပြုပြင် တည်ဆောက်နေသည်ဟု ဆိုသည်။

၎င်းနောက် ကီလိုမီ ၁၇၂ အရှည်ရှိသော တောင်ငူ- ရမည်းသင်း လမ်းပိုင်းကို ပြုပြင် တည်ဆောက်မည် ဖြစ်ပြီး တတိယပိုင်း အနေဖြင့် ကီလိုမီ ၁၇၇ အရှည်ရှိသော ရမည်းသင်း- မန္တလေး လမ်းပိုင်းကို ပြုပြင်သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားဝန်ကြီး ဦးသန်းဌေး၏ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

တခြား ဂျပန် မီးရထား ကုမ္ပဏီ တစ်ခုဖြစ်သည့် The East Japan Railway Company Ltd မှလည်း မြန်မာရထား လုပ်ငန်း ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီသွားရန် အာမခံထားသည်ဟု သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U