Related Posts Plugin for WordPress, Blogger...

Saturday, November 30, 2013

အဝေးပြေးဝင်းအတွင်း လူခေါ်ပွဲစားများအချင်းချင်း ပြဿနာဖြစ်မှုကြောင့် ခရီးသည်များစိတ်ပျက်



  အောင် မင်္ဂလာအဝေးပြေးကားဝင်းတွင် လူခေါ်ပွဲစားအချင်းချင်း ခရီး သည်များကို ခေါ်ဆောင်ရာတွင် အဝေ မတည့်မှုကြောင့် ပြဿနာ မကြာခဏဖြစ်သဖြင့် ခရီးသည် များ စိတ်အနှောင့်အယှက်များ ဖြစ်ကြရကြောင်း သိရသည်။

''ပွဲစားတစ်ဦးက ခရီးသည် တွေကို ကားဂိတ်တွေဆီခေါ်သွား ရင် ကျန်တဲ့တစ်ဦးက ငါအရင် ပြောထားတာ။ ဒါငါ့လူ။ မင်းခေါ် မသွားနဲ့ စတဲ့ပြဿနာတွေ ခုနောက် ပိုင်း ဖြစ်လာတယ်။ ကျွန်မတို့လဲ ဘယ်သူနဲ့ လိုက်ရမှန်းမသိဘူး။ စိတ်ညစ်တယ်''ဟု ခရီးသည် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပွဲစားအချင်းချင်း မကြာခဏ ပြဿနာများဖြစ်နေ သောကြောင့် ခရီးသည်များ စိတ် နှောင့်အယှက်များ ဖြစ်ကြရပြီး ယင်းကိစ္စများကို တာဝန်ရှိသူများ က စနစ်တကျ ဆောင်ရွက်ပေး စေလိုကြောင်း ခရီးသည်များက ပြောသည်။

အဝေးပြေးကားဝင်းအတွင်း လူခေါ်ပွဲစားများ တွေ့ရှိက အရေး ယူမည်ဟု သက်ဆိုင်ရာမှ တရား ဝင် ထုတ်ပြန်ထားသည့်အတွက် အဆိုပါအဝေးပြေး ဝင်းထဲရှိ လုံခြုံ ရေးရဲများသည် နံနက် ၃နာရီခန့်မှ စတင် ကင်းလှည့်မှု များရှိသော်လည်း ပွဲစားများထံမှ တစ်ဦးလျှင် ကျပ် ၅၀၀ ကောက်ယူမှု များရှိပြီး မပေး သည့်ပွဲစားများကို ဖမ်းဆီးခြိမ်း ခြောက်မှုများ ရှိကာ ငွေပေးမှ ပြန် လွှတ်ပေးကြောင်း ကားဝင်းထဲရှိ အထမ်းသမားတစ်ဦးက ဆိုသည်။

အဝေးပြေးကားဂိတ်တွင် ခရီးသည်ကို သွားမည့်ကားဂိတ် သို့ ပို့ဆောင်ပေးသောပွဲစားများ၊ တက္ကစီပွဲစားများနှင့် အထုပ်အပိုး ထမ်းသည့်ပွဲစားများ စသည့်ပွဲစား သုံးမျိုးရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U