နေပြည်တော်ကောင်စီမှ
ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့် ဘဏ္ဍာငွေ သန်း ၂၆၀၀တွင် သန်း
၁၃၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲအရ ပြည်ထောင်စုလွှတ်တော်က
ဖြတ်တောက်လျှော့ချခွင့်ပြုလိုက်
နေပြည်တော်ကောင်စီသည် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ သံတမန်များ သွားလာဝင်ထွက်
နားနေရာ ကန့်သတ်နယ်မြေရှိ လမ်းလယ်ကျွန်းများအား ရေပေးရေး
(ရေဖြန်းချနိုင်ရေး)အတွက် လည်းကောင်း၊ ချောင်းမကြီးဆည်အနီးတွင်
ရေကန်ငယ်တစ်ကန်တည်ဆောက်ခြင်းနှင
ထိုသို့
ဖြတ်တောက်လျှော့ချခြင်းအဆိုကို NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းခဲ့သည်။ အဆိုအရ နေပြည်တော်ကောင်စီဝန်ကြီး
ဦးကံချွန် တင်ပြလာသော အချက်သုံးချက်တွင် ပါဝင်သည့် ရေနှင့်
သန့်ရှင်းမှုလုပ်ငန်းတွင်သုံးစွဲ
၁၇ရာခိုင်နှုန်းသာ ကုန်ကျမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယင်းအပြင် ကျန်လုပ်ငန်းများနှင့် ပတ်သက်၍လည်း သုံးစွဲပြီးငွေအတွက် ဆောင်ရွက်မှုအခြေအနေမှာ သုည
ရာခိုင်နှုန်းဖြစ်ကြောင်း အဆိုတွင် ပါရှိသည်။
“အဲဒီတော့
စာရင်းဇယားဖော်ပြချက်တွေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေဟာ
ထပ်တူကျဖို့လိုပါတယ်။ တကယ်တော့ အခုတည်ဆောက်နေတဲ့ ချောင်းမကြီးဆည်ဟာ
ပြီးသလောက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ သို့သော် စာရင်းဇယားမှာ
ဖော်ပြထားမှုက အားနည်းနေတော့ ဆောင်ရွက်ပြီးမှ၊ ခွင့်ပြုချက်မရခင်
ကြိုတင်တည်ဆောက်ပြီးမှ ဘတ်ဂျက်ငွေကို တောင်းဆိုတဲ့သဘောပါ။ ဒါမျိုးဟာလဲ
မဖြစ်ထိုက်ဘူးလို့ တင်ပြလိုပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက
ပြည်ထောင်စုလွှတ်တော်တွင် နိုဝင်ဘာလ ၅ရက်က ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့
ရှင်းလင်းအပြီးတွင် ကိုယ်စားလှယ်များက ဆန္ဒမဲပေးကာ အတည်ပြုလိုက်သည်။
၂၀၁၃-၁၄ဘဏ္ဍာနှစ်အတွက်
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း တစ်ရပ်လုံးအား
နိုဝင်ဘာလ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံမဲ ၄၂၃ မဲ၊ ကန့်ကွက် ၁၀
မဲ၊ ကြားနေ ၁၂ မဲတို့ဖြင့် အတည်ပြုခဲ့ကြသည်။
ထိုသို့ အတည်မပြုမီ
နောက်ထပ်ဘဏ္ဍာငွေ (RE-Revised Estimate) ထပ်မံတောင်းခံထားသော
ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏
နောက်ထပ်ဘဏ္ဍာငွေများအနက် နေပြည်တော်ကောင်စီ REမှ ကျပ်သန်း ၁၃၀၀ကျော်ကို
ဖြတ်တောက်လျှော့ချပြီး RE ဘတ်ဂျက်ဥပဒေကြမ်းတစ်ရပ်လုံးကို
အတည်ပြုခဲ့ခြင်းဖြစ်သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment