ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်ရှိ The Best Industrial အထည်ချုပ်စက်ရုံအား တွေ့ရစဉ်
၂၀၁၃
ခုနှစ်အထိ ရရှိထားသည့် ကိန်းဂဏန်းများအရ မြန်မာအထည်ချုပ် လုပ်ငန်းများ၏
နံပါတ်တစ်ဈေးကွက်မှာ ဂျပန်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့်မူ
ကိုရီယားနိုင်ငံက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်
လုပ်ငန်းရှင်များ အသင်းမှ ရရှိသော သတင်းများအရ သိရသည်။
"အထည်ချုပ်မှာ
ရင်းနှီးမြှုပ်နှံမှု အနေနဲ့ဆိုရင်တော့ ကိုရီးယားနိုင်ငံ အများဆုံးပါ။
စက်ရုံအနေနဲ့ဆိုရင်တော့ ရုံပေါင်း ၂၀ ထက်တော့ မနည်းပါဘူး၊
နိုင်ငံအနေနဲ့ဆိုရင်တော့ ဂျပန်၊ ကိုရီးယား ၊ ထိုင်ဝမ်၊ တရုတ်၊ မလေးရှား
နိုင်ငံတွေက လာရောက် လုပ်ကိုင်နေပါတယ်။ အနောက်နိုင်ငံတွေလည်း
အချို့ရှိပါတယ်။ ဂျာမနီကလည်း လာပါတယ်။ တူရကီတို့ ဘာတို့လာတာလည်း ရှိပါတယ်။
နိုင်ငံစုစုပေါင်း ၂၀ ကျော်၊
၃၀ လောက်တော့ ရှိပါတယ်။ စက်ရုံ
စုစုပေါင်းဆိုရင်တော့ ၂၀၀ ကျော်၊ ၃၀၀ နီးပါးလောက်တော့ ရှိပါတယ်။ ဒါက
စက်ရုံကြီးအနေနဲ့ ပြောတာပါ။ တကယ့် အင်တိုက်အားတိုက် ထုတ်နိုင်တဲ့ စက်ရုံက
၂၅၀ လောက်တော့ ရှိပါတယ်။ ဒီအထဲမှာမှ ၉၀ ရာခိုင်နှုန်းကတော့ ပြည်တွင်း
မြန်မာနိုင်ငံသား စက်ရုံတွေများပါတယ်။ အခြားဖက်စပ် အနေနဲ့
လုပ်တာလည်းရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုကတော့ စုစုပေါင်းရဲ့ ငါးရာခိုင်နှုန်းလောက် ရှိပါတယ်" ဟု
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းက
ပြောကြားသည်။
ပြည်တွင်းစက်ရုံများ အနေဖြင့်မူ အထက်မြန်မာပြည်တွင်
စက်ရုံပေါင်း ၅၀၀ ကျော်နှင့် ရန်ကုန်တွင်လည်း ၅၀၀ လောက် ရှိနိုင်ကြောင်း၊
ထိုစက်ရုံများမှာ CMP စနစ်ဖြင့် ထုတ်လုပ်နေသော စက်ရုံများ မဟုတ်ဘဲ
ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်သော စက်ရုံများ ဖြစ်ကြောင်း၊
အထည်ချုပ်အသင်း မတည်ထောင်ခင်ကတည်းက ရှိကြကြောင်းနှင့် ပြည်တွင်း
ဈေးကွက်တွင်မူ ပြည်တွင်းတွင် ထုတ်သည့် ရာခိုင်နှုန်း စုစုပေါင်း ၈၀
ဝန်းကျင်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တွေက
ကိန်းဂဏန်းအတိုင်း ပြန်ကြည့်မယ်ဆိုရင် ဂျပန်ဈေးကွက်က နံပါတ်တစ်ပါ။
ဒုတိယလိုက်တာ ကိုရီးယားဈေးကွက်ပါ။ ဥရောပနိုင်ငံတွေကျတော့ တင်ပို့မှုကို
အကြာကြီး ပိတ်ပင်ထား တာကနေ ပိတ်ဆို့မှုတွေလည်း ဖြေလျှော့ပေးလာတယ်။ GSP လည်း
ပေးလာတဲ့အတွက် ၂၀၁၄- ၁၅ ကျရင်တော့ ဥရောပဈေးကွက်က အရင်ထက်စာရင် ပိုပြီးတော့
များလာလိမ့်မယ်လို့ ထင်ရပါတယ်။ လက်ရှိအနေအထား၊ ၂၀၁၃ အထိကတော့ ဂျပန်က
နံပါတ်တစ် ဈေးကွက်ပါ။ ဒါပေမဲ့ ၂၀၁၄- ၁၅ ကျရင်တော့ ဥရောပပဲ ဖြစ်မလား၊
အမေရိကားပဲ ဖြစ်မလား မသိသေးပါဘူး"ဟု ဦးအောင်ဝင်းက ပြောကြားသည်။ ၂၀၀၃
ခုနှစ် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးအရ
ပိတ်ဆို့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံသို့ တဖြည်းဖြည်း တင်ပို့မှုများလာပြီး
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံက နံပါတ်တစ် ဖြစ်နေကြောင်းလည်း
သတင်းရရှိသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment