Related Posts Plugin for WordPress, Blogger...

Wednesday, November 20, 2013

လှိုင်သာယာတွင် ဖောက်ခွဲရေးပစ္စည်းများ နှင့် ဖမ်းမိခဲ့သော တရားခံ၏ ကွင်းဆက်တရားခံ ထပ်မံမိ


ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်က ရန်ကုန်မြို့ လှိုင်သာယာတွင် ဖမ်းဆီးမိသည့် ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦး နှင့် ၎င်းတို့၏ ကွင်းဆက်တရားခံ ကို နိုဝင်ဘာ ၁၅ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်ရှိ ယင်း၏ နေအိမ်တွင် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိ ရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူသည် ဘိုဘိုထွန်း (ခ)ဘိုဘိုဖြစ်ပြီး ရန်ကုန်မြို့ တွင်ဖမ်းဆီးမိခဲ့ သူခိုင်နေမင်း(ခ) တင် မောင်၏ညွှန်ကြား ချက်ကြောင့် ဖောက်ခွဲမှုများ ရန်ကုန်မြို့အ တွင်း ပြုလုပ်ရန်အတွက် လက် လုပ်ဗုံးများကို ဝယ်ယူခဲ့သူဖြစ် ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

''ရန်ကုန်က ဖမ်းမိတဲ့သူတွေ နဲ့ ပတ်သက်တဲ့သူက စစ်တွေမှာ နှစ်ဦးရှိတာ၊ တစ်ဦးတော့မိတယ်။ တစ်ဦးတော့လွတ်သွားတယ်''ဟု

အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။

ဖောက်ခွဲရေးလုပ်ငန်း လုပ် ကိုင်ရန်အတွက် ဘိုဘိုထွန်းမှ ခိုင် နေမင်းအတွက် ရှာဖွေပေးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများတွင် လက် လုပ်ဗုံးတစ်လုံးနှင့် ကလေးကစား စရာသေနတ်တွင် အသုံးပြုသည့် ယမ်းကတ်များပါဝင်သည်။
အဆိုပါတရားခံကို ရန် ကုန်မြို့သို့လွှဲပြောင်းရန် စီစဉ်နေ ပြီး လတ်တလော အနေဖြင့် စစ် တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ထိန်း သိမ်းထားကာ ယင်းတို့နှင့် ဆက် စပ်သည့် တရားခံတချို့ကိုလည်း ရှာဖွေဖမ်းဆီးနိုင်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။

ဘိုဘိုထွန်း(ခ)ဘိုဘိုအား ရခိုင်အမျိုးသားရေးကိစ္စများကို လုပ်ကိုင်ရန်အတွက်ဆိုကာ ခိုင် နေမင်း(ခ)တင်မောင်မှ စည်းရုံး ခဲ့ပြီး၊ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်နိုင်သည့်ကိစ္စရပ်များတွင် ခိုင်းစေရန် ကြိုးစားခဲ့ကြောင်း ဘိုဘိုထွန်း၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U