Related Posts Plugin for WordPress, Blogger...

Wednesday, November 20, 2013

ပြည်သူတွေအတွက် ခဏထားပြီး ကျွန်မအတွက် အရင်ဖြည့်ဆည်းပေးပါ



နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေက ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့ တွေ့ဆုံခဲ့ရာ ဘီလ်ကလင်တန်ဖက်မှ မြန်မာလူထုကို ကူညီရေးလုပ်ငန်းများ ဆွေးနွေး ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ဘီလ်ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် မနက်ပိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ကလင်တန် ဖောင်ဒေရှင်းနှင့် မြန်မာနိုင်ငံအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုမှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးကဏ္ဍစုံ ချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါဝေဒနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူးပေးရေးနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌
လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက် ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု လျော့ကျရေး တို့အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူပြုနိုင်မှုတို့ကိုဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံချိန်မှာမှည ဘီလ်ကလင်တန်မှ ၎င်းရဲ့ ဖောင်ဒေးရှင်းမှ ကူညီနိုင် ရေးကို ဆွေးနွေး ခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည် က စိတ်မဝင်စား ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မှ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်းကာ နှစ်ဖက်သဘောထားတူညီမှုများရယူ ဆောင်ရွက်လျက် ရှိကြောင်း၊ NLD အနေဖြင့် အခြေခံ ဥပဒေပြင်ဆင်နိုင်ရန်အတွက်သာ ကြိုးစားဆောင်ရွက်လျက်ရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅% အား လွှတ်တော်အတွင်းမှ တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကလင်တန် ဖောင်ဒေးရှင်းဟာ နိုင်ငံတကာသို့ စိုက်ပျိုးရေး၊ ကျန်းမာရေးအပြင် ကဏ္ဍပေါင်းစုံကို အကူအညီများစွာ ပေးလျှက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဖက်မှ တောင်းဆိုလျှင် မြန်မာပြည်သူလူထု အတွက် များစွာအကျိုးရှိတဲ့ အကူအညီတွေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်မှ ပြည်သူအတွက် ဘာမှတောင်းဆိုပေးတာ တစ်ခုမှ မရှိခဲ့ဘဲ ၎င်း သမ္မတဖြစ်ရေး အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းထဲတွင် ငြိမ်းချမ်းရေးကိစ္စ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ရေးကိစ္စ၊ ပြည်သူလူထု ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေး နှင့် ပညာရည်တိုးတက်ရေးကိစ္စ တစ်ခုမှမရှိဘဲ ၎င်းသမ္မတဖြစ်ရေးသာ စဉ်းစားလျက်ရှိပြီး အခြေခံ ဥပဒေ ပြင်ရေးကို ပထမဦးစားပေးကာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို လစ်လျူရှုထားပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်သူနဲ့တွေ့တွေ့ မြန်မာပြည်သူတို့ အတွက် ဘာမှ ထူးခြားတိုးတက်လာတာ မရှိသလို တွေ့ဆုံတိုင်းမှာလည်း သမ္မတဖြစ်ရေး နဲ့ အခြေခံဥပဒေပြင်ဆင်ရေးကလွဲပြီး တခြားဆွေးနွေးတာ မရှိပါဘူး။

၂၀၁၅ နီးလာလေ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမ္မတဖြစ်လိုစိတ်တွေကလည်း ပိုမိုနိုးကြား လာလေ ဖြစ်လာမှာဖြစ်ပြီး နောက်ထပ်တွေ့သမျှ အကူအညီပေး မည့် Donar တိုင်းကိုလည်း ပြည်သူလူထု လိုအပ်ချက် ဘာမှမပြောပဲ အခြေခံဥပဒေပြင်ဖို့ပဲ တောက်လျှောက်ပြောနေမှာဖြစ် ပါတယ်။ အချိန်ပြည့် ခေါင်းထဲမှာ သမ္မတဖြစ်လိုစိတ်နဲ့ အခြေခံဥပဒေ ပြင်လို စိတ်တွေ ပြည့်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၅ မတိုင်ခင်မှာတော့ နိုင်ငံနှင့် ပြည်သူတို့ဘဝ ဘက်စုံတိုးတက်ရေးအတွက် အားကိုးလို့ရမယ် မထင်တော့ပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U