ရန်ကုန်ဆိပ်ကမ်းရှိ
ကွန်တိန်နာ သိုလှောင်ဝင်းအတွင်း ကွန်တိန်နာများအား
တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း) ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၁
ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခုနစ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ
အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ်ကထက် ဒေါ်လာ ၂၂၃၇
သန်းကျော်ဖိုး ပိုမိုကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အိမ်နီးချင်း
နိုင်ငံများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ကုန်သွယ်ရာတွင်
ပို့ကုန် အမေရိကန် ဒေါ်လာ ၄၄၃၁ သန်းကျော်၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၆၃၄၆
သန်းကျော် ကုန်သွယ်ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု စုစုပေါင်းမှာ
အမေရိကန် ဒေါ်လာ ၈၅၄၀
သန်းကျော် ရှိခြင်းကြောင့် ယခင်နှစ်ကထက်
ကုန်သွယ်မှုပမာဏ ပိုခဲ့ခြင်း ဖြစ်သည်။
ယခု ခုနစ်လအတွင်း
ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု တန်ဖိုးထက် ပိုမိုခဲ့သော်လည်း
ပို့ကုန်နှင့် သွင်းကုန်တန်ဖိုး နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ
အမေရိကန် ဒေါ်လာ ၁၉၁၅ သန်းကျော် ပိုမိုနေပြီး ကုန်သွယ်မှုလိုငွေ
ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်း
ကုန်သွယ်မှုမှတစ်ဆင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှု စုစုပေါင်း၏ ရာခိုင်နှုန်း
၈၀ နီးပါးကို ကုန်သွယ်နေခြင်းဖြစ်ရာ အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းမှ
တစ်ဆင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ တရားဝင် ကုန်စည်များ
ဝင်ရောက်ပြီး တရားဝင် ကုန်သွယ်မှုပမာဏ မြင့်တက်လာစေရန် ရည်ရွယ်၍ တရားမ၀င်
ကုန်သွယ်မှုများကို စစ်ဆေး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျှက် ရှိကြောင်း
သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment