Related Posts Plugin for WordPress, Blogger...

Tuesday, November 19, 2013

ITD ကုမ္ပဏီမှ လမ်းဖောက်မှုကြောင့် ဆုံးရူံးလယ်မြေများကို လျော်ကြေးပေးရန် သဘောတူ


အီတာလျံ-ထိုင်း ကုမ္ပဏီ (ITD)မှ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်းရှိ ပျက်စီးသွားသော စပါးခင်းများအား စာရင်းကောက်ယူ၍ လျော်ကြေးများပေးရန် သဘောတူခဲ့ကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။

ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်း လမ်းများဖောက်လုပ်ပြီး ရေနုတ်မြောင်းများ ကောင်းမွန်စွာ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ယခုနှစ် မိုးရာသီတွင် ချောင်းရေများ မဆင်းနိုင်ဘဲ လမ်းနံဘေးရှိ စပါးခင်းများထဲသို့ ရေများဝင်ရောက်ခဲ့၍ လယ်ဧက အများအပြား ရေနစ်ဆုံးရှုံးခဲ့သည်။

''ဦးတို့ ရွာနားမှာ ITD က ကျောက်ထုတ် စခန်းဆီသွားဖို့ လယ်မြေတွေပေါ်ဖြတ်ပြီး လမ်းဖောက် လုပ်ခဲ့တယ်။ မိုးတွင်းရောက်တော့ ချောင်းရေဆင်း ပေါက်တွေကို ကောင်းကောင်းမလုပ်ခဲ့လို့ ချောင်းရေတွေ မဆင်းနိုင်ဘဲ လျှံတက်လာပြီး နံဘေးမှာရှိတဲ့ စပါးခင်းတွေကို ရေလွှမ်းသွားခဲ့ပါတယ်။ လယ်ထဲမှာ ရေက ပေါင်လယ်လောက် အထိရှိတယ်။ ဒီနှစ်တစ်မိုးတွင်းလုံး လယ်မြေတွေထဲ ရေနစ်နေတဲ့ကိစ္စကို ITD နဲ့ တာဝန်ရှိသူတွေဆီ အကြိမ်ကြိမ် သွားရောက်တင်ပြ ခဲ့ပေမဲ့ လုပ်မပေးခဲ့ပါဘူး။ ဒီလအစောပိုင်းရောက်မှ ရေနစ်တဲ့ လယ်တွေကို တိုင်းတာပြီး လျော်ကြေးပေးဖို့

သဘောတူခဲ့တယ်။ ရေနစ်ခဲ့တဲ့ လယ် ၃၈ ဧကကျော်မှာ တစ်ဧကကို ၄၅ တင်းနှုန်းနဲ့ တစ်တင်းကို ကျပ် ၄၀၀၀ နှုန်း ပေးလျော်ဖို့ သဘောတူခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ ရေမြောင်းတွေကောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။ မလုပ်ပေးရင်တော့ အခုလိုမျိုး စပါးခင်းတွေထဲ ရေ၀င်နေဦးမှာပါ။ ရေမြောင်းသာ ကောင်းရင် ဒီလိုပြဿနာ ဖြစ်စရာ အကြောင်း မရှိပါဘူး'' ဟု မယင်းကြီးရွာမှ စပါးခင်းအတွင်း ရေ၀င်ရောက်မှုကြောင့် လယ်မြေ ၆ ဧကကျော် ဆုံးရှုံးခဲ့ရသူ ဦးစိုးအောင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တ ၀င်းအောင်က အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌဆီသို့ လိပ်မူကာ လယ်ယာမြေများရေး နစ်ဆုံးရှုံးမှုများကို စစ်ဆေးတွေ့ရှိ ထားပြီးဖြစ်၍ နစ်နာကြေးငွေများ ထုတ်ပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် လယ်သမားများကို နစ်နာကြေးပေးရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U