ဓာတ်လိုက်ရာမှ လက်နှစ်ဖက် ဖြတ်တောက်လိုက်ရပြီး
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏အစီအစဉ် ဖြင့်
ဂျာမနီနိုင်ငံတွင်သွားရောက် ကုသမှုခံယူခဲ့သော ပါတီဝင် ကိုဇင်မင်းဦးက NLD
အတွက် နောက်ဆုံးအသက်အထိ စွမ်းသလောက်လုပ်ဆောင်သွားမည်ဟု ဆိုလိုက်သည်။
”ခု
လက်တစ်စုံ ပြန်ရတယ်။ လူ ကောင်းတစ်ယောက်လို မလုပ်နိုင်ပေမယ့် တတ်စွမ်းသ
လောက်လုပ်ပေးမယ်။ကုန်ကုန်ပြောရရင် နောက်ဆုံးကျန်ရှိတဲ့ အသက်အထိ NLD
လျှောက်လှမ်းမယ့်လမ်းကြောင်းတစ် လျှောက်လုံးမှာ ကိုယ်စွမ်းနိုင်သလောက်
ပါရမီဖြည့်သွားမယ်” ဟု ၎င်းကပြောသည်။၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက
အင်းစိန်မြို့နယ်ကမ်းနားလမ်း အလယ်ရပ်ကွက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်/ကျေး ရုံးခန်းဖွင့်ရန် ပြင်ဆင်နေစဉ်
စတီးအလံတိုင်ထိပ်နှင့် ဗို့အား ၃၃ဝဝဝ ရှိလျှပ်စစ်မီးကြိုးတို့ထိမိရာမှ
ကိုဇင်မင်းဦး ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ခဲ့ပြီးနောက် ၎င်းအား
အင်းစိန်ဆေးရုံကြီးသို့ ညတွင်းချင်း ပို့ဆောင် ခဲ့ပြီး အောက်တိုဘာ ၂ ရက်
နေ့တွင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာ လက်နှစ်ဖက် ဖြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၇ ရက်နေ့က ဒေါ်အောင်
ဆန်းစုကြည်ဆေးရုံ သို့ လာရောက်ခဲ့ပြီး
”သားဘာမှအားမငယ်နဲ့။ ဆုံးရှုံးသွားတဲ့လက်နှစ်ဖက်ကိုအစားပြန်ရအောင်
လုပ်ပေးမယ်။ အမေကြိုးစားပြီး လုပ်ပေးမယ်၊ စိတ် အားလျော့စရာ မလို ဘူး”ဟု
အားပေးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်းဆေးရုံတွင် ကုသမှုခံယူနေရစဉ်
ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည်ရေးသားပေးခဲ့သော
”သားရဲ့ထက်သန်တဲ့စိတ်ဓာတ်နဲ့ အ ခက်အခဲတွေအားလုံးကို
ရင်ဆိုင်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟူသောစာသားအတွက် ၎င်းက”ကျွန်တော့်လို အညတရ
ပါတီဝင်တစ်ယောက်အပေါ်မှာ ရင်ကလွယ် မွေးခဲ့တဲ့ မိခင်တစ်ယောက် လို စေတနာ၊
မေတ္တာအပြည့်နဲ့ကို လာရောက် အားပေးခဲ့တယ်။ အမေစုဟာ တကယ်တော့
အားလပ်ချိန်ဆိုတာမရှိသလောက်ပါပဲ။ အဲဒီကြားကမှ အချိန် ပေးလာရောက် ခဲ့
တာပါ”ဟု ဆိုသည်။
ကိုဇင်မင်းဦးအနေဖြင့်
လက်နှစ်ဖက်ဆုံးရှုံးခဲ့ရပြီးနောက် ကျန်ရှိဒဏ်ရာများအတွက်
ရန်ကုန်အရိုးဆေးရုံကြီး တွင် ၂ လနှင့် ၈ ရက် တက်ရောက်ကုသမှု ခံယူခဲ့ ရပြီးေ
နာက် ဒေါ်အောင်ဆန်းစု ကြည်၏ စီစဉ်ပေးမှုဖြင့် ဂျာမနီနိုင်ငံ၊
ဟန်နိုဗာမြို့သို့ အောက်တိုဘာ ၁၃ ရက် နေ့က သွားရောက်ဆေးကုသမှုခံယူခဲ့ ခြင်း
ဖြစ်သည်။ အဆို ပါအစီ အစဉ်အရဂျာမနီမှ ခြေ တုလက်တုတပ်ဆင်ရေးကုမ္ပဏီ Otto- bock
မှ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု သိရပြီးရောက်ရောက်ချင်း အာရုံကြောများ
အလုပ်လုပ်၊ မလုပ် စမ်း သပ်ကာ အလုပ် လုပ်နေသေးကြောင်းသိရှိပြီးနောက်
လက်တုတပ်ဆင်ပေးခဲ့သည်ဟု သိရသည်။
”သာမန်လူတစ်ယောက်လိုတော့
လှုပ်ရှားလို့ရတယ်။ ဒါပေမဲ့ လက်က အစစ်မဟုတ်တော့ အခက်အခဲရှိတယ်။
လက်အတုတပ်ဆင်ပြီး တစ်ပတ်လေ့ ကျင့်ခန်းလုပ်ရတယ်။ အခု လောလော ဆယ်
လူကောင်းတစ်ယောက်လိုတော့ စာရေးလို့မရပေမယ့် လက်မှတ်တော့ ထိုးလို့ရတယ်” ဟု
ကိုဇင်မင်းဦးက ဆိုသည်။ ၎င်း သည် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၁ဝ ရက်နေ့က
ပြန်လည်ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်အင်းစိန်မြို့နယ်ကမ်းနားလမ်း အ လယ်ရပ်ကွက်ရုံး ခန်းတွင်ဒုဥက္ကဋ္ဌတာဝန်ကို
ထမ်းဆောင်လျက်ရှိသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment