အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic
Cooperation – OIC) မြန်မာပြည်ကို မနက်ဖြန် လာမယ်လို့ ဆော်ဒီဂေဇက် အင်တာနက်
သတင်းတပုဒ်မှာ ရေးထားပါတယ်။

ကိုယ်စားလှယ်အဖွဲ့မှာ OIC နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ယောက်နဲ့ ထိပ်တန်း အရာရှိကြီးတွေ ပါမယ်၊ ကိုယ်စားလှယ်တွေကို OIC အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က ဦးဆောင်လာမယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာမယ်လို့ သတင်းမှာ ဆက်ရေးထားပါတယ်။
OIC မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံ ရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များကို ကူညီထောက်ပံ့နိုင်ရေးအတွက် မြန်မာနိုင်ငံမှာ OIC ရဲ့ လူသား ချင်းဆိုင်ရာရုံး ဖွင့်ရေးကို မြန်မာအစိုးရက သဘောတူခဲ့ပေမယ့် OIC ရုံး ဖွင့်ခွင့် မပြုရေး ကန့်ကွက်ဆန္ဒပြမှုတွေ မြို့ကြီးတချို့မှာ ဖြစ်ပွားခဲ့အပြီး “ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်” OIC ရုံးကို ခွင့်ပြုမှာ မဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အပေါ်ပုံ - ယမန်နှစ်က မန္တလေးမှာ တွေ့ခဲ့ရတဲ့ OIC ရုံး ဖွင့်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်မှုတခု (ဓာတ်ပုံ - မန်းသားလေး)

1:20 AM
sayarchan.blogspot.com
0 comments:
Post a Comment