Related Posts Plugin for WordPress, Blogger...

Friday, November 15, 2013

ဒီဇင်ဘာ (၃)ရက်နေ့တွင် PEE MAK မင်းသမီးနှင့် မြန်မာနိုင်ငံ အနုပညာရှင် များစွာဖြင့် ဆီးဂိမ်းစ်လှုံ့ဆော်မှု ပြုလုပ်မည်

Photo: ဒီဇင်ဘာ (၃)ရက်နေ့တွင် PEE MAK မင်းသမီးနှင့် မြန်မာနိုင်ငံ အနုပညာရှင် များစွာဖြင့် ဆီးဂိမ်းစ်လှုံ့ဆော်မှု ပြုလုပ်မည်
=========================================

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် ထိုင်းမင်းသမီး Davika Hoorne အပါအ၀င် မြန်မာနိုင်ငံမှ အနုပညာရှင် များစွာဖြင့် ဆီးဂိမ်းစ်အကြို လှုံ့ဆော်ပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းအစီအစဉ်တွင် ထိုင်းမင်းသမီး Davika Hoorne ၊ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့နှင့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် Moss Patiphan Patavikran လည်း ပါဝင်ကူညီ ပေးသွားမည် ဖြစ်သည်။ ဒါ့အပြင် အရှေ့တောင် အာရှ သူရဲကောင်းများ တေးသီချင်း အယ်လဘမ်တွင် ပါဝင်သီဆို ပေးထားကြသည့် အနုပညာရှင်များက ပရိသတ်များနှင့် တွေ့ ဆုံသွားမည်ဖြစ်ကာ အမှတ်တရ လက်မှတ်များ ရေးထိုးပေးခြင်း၊ ဆီးဂိမ်းတွင် အသုံးပြုမည့် လဘ်ကောင်ရုပ် ဇီးကွက်ဖြင့် အမှတ်တရ ဓါတ်ပုံတွဲရိုက်ပေးခြင်း၊ အယ်လဘမ် ပရိုမိုးရှင်း ပြုလုပ်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်တို့ပါဝင်မည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီး Davika Hoorne တို့အတူ တွဲရိုက်ထားသည့် ပိုစတာများကို ပရိသတ်များ အား အခမဲ့ ဝေငှပေးသွားမည် ဖြစ်သည်။ အဆိုပါ လှုံ့ဆော်ပွဲတွင် ပါဝင်ကူညီပေးမည့် Davika Hoorne အနေဖြင့် ဒီဇင်ဘာ(၃)ရက်နေ့တွ င် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီးMoss Patiphan Patavikran ကမူ ဒီဇင်ဘာ(၂) ရက်နေ့တွင်မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

အဆိုပါဖျော်ဖြေရေးပွဲကို ဒီဇင်ဘာ (၃)ရက်နေ့တွင်Junction Square တွင် ညနေ (၆)နာရီမှ ည(၁၀)အထိ စည်စည်ကားကား
ပြုလုပ်သွားမည်ဖြစ်ပြီး ၀င်ကြေးမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။

Ref : ADMA Media Co., Ltd
27th Sea Games, Myanmar 2013
Admin>>>MOE<<<

Sayar Chan

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U