Related Posts Plugin for WordPress, Blogger...

Thursday, November 7, 2013

Voice၏ မှုခင်း သတင်းရေးသားသည့် သတင်းထောက် မှော်ဘီတွင် ရိုက်နှက်ခံရ

Photo: Voice၏ မှုခင်း သတင်းရေးသားသည့် သတင်းထောက် မှော်ဘီတွင် ရိုက်နှက်ခံရ

=====================================
ရန်ကုန်၊ နိုဝင်ဘာ ၇

ပြညတွင်းမီဒီယာတစ်ခုဖြစ်သည့် Voiceမှ မှုခင်းသတင်းရေးသားသည့် အငယ်တန်းသတင်းထောက်တစ်ဦး မှော်ဘီမြို့နယ်တွင် ရိုက်နှက် ခံရမှု ယခုလ(၃)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရိုက်နှက်ခံရမှုမှာ မှော်ဘီမြို့နယ်ပိုင်နေရာဖြစ်သည့် ရန်ကုန်ပြည် လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းသတင်းထောက်
နှင့် သူ၏သူငယ်ချင်းကိုပါ ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းလည်း ဖြစ်ကြောင်း ထိုးကြိတ်ခံခဲံရသူများက ယနေ့နေ့လည် (၁)နာရီတွင်မြန်မာဂျာနယ် လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ကြသည်။

ရိုက်နှက်သွားသူများမှာ ၄င်းတို့ရပ်ကွက်အတွင်းမှ မျက်နှာသိ ရာအိမ်မှူး များဖြစ်သည်ဟု ၄င်းတို့ကဆိုပြီး အခင်းဖြစ်ပွားသည့် ညတွင်းချင်း ပင် မှော်ဘီမြို့နယ်ရဲစခန်းသို့ အမှုသွားရောက်ဖွင့်ခဲ့သည်ဟုလည်း ဆိုသည်။

'' ကျွန်တော်တို့က သူတို့နဲ့ဘာရန်ငြှိုးရန်စမှ မရှိပါဘူး။ အဲ့ဒါကို မင်းလားကွ မီဒီယာသမားဆိုတာ ဟိုရှုပ်ဒီရှုပ်ကောင်ဆိုပြီးရိုက်တာ။ အဲ့ဒါ ကို နာတာ " ဟု အဆိုပါရိုက်နှက်ခံရသူအငယ်တန်းသတင်းထောက် ကိုခိုင်စိုးလင်း က ပြောသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ Voice သို့ဆက်သွယ်မေးမြန်းရာ အယ်ဒီတာ တစ်ဦးဖြစ်သည့် ကိုအောင်စိုးက လက်ရှိတွင်သတင်းတိုက်
အနေနှင့် ဖြစ်စဉ်အမှန်ကို အသေးစိတ်စုံစမ်းနေပြီး ဖြစ်ရပ်ပေါ်မူတည်ကာ ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

သတင်းသမားများရိုက်နှက်ခံရမှုအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှုး ဦးမြင့်ကျော်က " ပုဂ္ဂိုလ်ရေးအရ ဖြစ်တာမျိုး မဟုတ်ဘဲ သတင်းသမားမှန်းသိလို့ တိုက်ခိုက်တာဆိုရင်တော့ စိုးရိမ်စရာပါ" ဟုသုံးသပ်သည်။

၎င်းအမှုအပေါ် စခန်းအနေနှင့် အမှုဖွင့်ထားပေးပြီးဖြစ်သော်လည်း ထိရောက်စွာစုံစမ်းမှုမပြုသေးကြောင်း၊ ရိုက်နှက်ခံရသူ
ကိုယ်တိုင် တိုင်းရုံးသို့ သတင်းသွားယူရာတွင် ယခုအချိန်ထိ အမှုကို ရဲတိုင်းရုံးသို့တင်ပို့ပေးလာခြင်းမရှိသည်ကို တွေ့ရကြောင်း
ပြောသည်။

ထို့ပြင် Voice ၏ နေပြည်တော်သတင်းထောက်မှာလည်း လွန်ခဲ့သည့် အောက်တိုဘာ လနောက်ဆုံးအပတ်တွင် ရိုက်နှက်ခံရမှုဖြစ်ပွားခဲ့သေးသည်။

သုတလင်း၊ ဇေဝေယံ

အေးချမ်းမွန် Credit To >Popular Myanmar News Journal<Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U