မြန်မာနိုင်ငံတွင်
ကျားကောင်ရေ စုစုပေါင်း ကောင်ရေ ၅၀ အောက်သာ ရှိနိုင်ကြောင်း WWF
International Greater Mekong Programme မှ စီမံကိန်း အရာရှိဟောင်း သဘာဝ
ပတ်ဝန်းကျင် ပညာရှင် ဦးတင်သန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံသည် ကျားကောင်ရေ ပေါများစွာ တည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါ
သစ်တောပြုန်းတီးမှုနှင့် တောရိုင်းတိရစ္ဆာန် တရားမ၀င် ရောင်းဝယ်ဖောက်ကား
မှုတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ကျားကောင်ရေ လျော့နည်းလာခြင်းဖြစ်ကြောင်း
သိရသည်။
"ကျားကောင်ရေ လျော့နည်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ
ဘယ်လောက်ရှိလဲမေးရင် တခြားအမေး ခံရသူတွေ အနေနဲ့ ဘယ်လိုဖြေမယ်ဆိုတာ
မသိပေမယ့် ကျွန်တော်ကတော့ ကျားကောင်ရေ စုစုပေါင်း ၅၀ အောက်မှာသာ
ရှိတော့မယ်" ဟု WWF International Greater Mekong Programme မှ စီမံကိန်း
အရာရှိဟောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးတင်သန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင်
ကျားအများဆုံး တွေ့ရှိရသည့် အကြီးဆုံး ကျားထိန်းသိမ်းရေး
နယ်မြေတစ်ခုဖြစ်သော ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊
ရှမ်းကုန်းပြင်မြင့်၊ အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်နှင့်
ကချင်သစ်တောများတွင်လည်း
ကျားကောင်ရေ မရှိတော့ဟု ဆိုရလောက်အောင်ပင်
တွေ့ရအတော် နည်းသွားကြောင်း ၎င်း၏ ပြောပြချက်အရ သိရှိရပါသည်။
"ကျားတွေကို
ဖမ်းဆီးတာက ကျားရိုးက ဆေးဘက်ဝင်တယ်၊ ကျားအရေခွံကိုကျတော့ အလှအပ
အသုံးအဆောင်အတွက် သုံးတယ်ဆိုပြီး ကျားတစ်ကောင်ကို အနည်းဆုံး သိန်းတစ်ရာအထိ
ဈေးရတာကြောင့် အဓိက သတ်ဖြတ်ကြတာ ဖြစ်တယ်၊ ၁၉၈၀-၁၉၉၀ အတွင်း ကာလတွေက
ကျားတွေအများဆုံး ပြုန်းတီးတဲ့ ကာလဖြစ်ပြီးတော့ မူဆယ်၊ ရွှေလီဘက်မှာ
အများဆုံးရောင်းတာ တွေ့ရတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်
အင်ဒိုချိုင်းနားကျားနှင့် ဘင်္ဂလားကျား နှစ်မျိုးကို တွေ့နိုင်ပြီး
ကျားကောင်ရေ အများစုကို ဟူးကောင်းချိုင့်ဝှမ်း၊ ထမံသီ ဘေးမဲ့တောနှင့်
တနင်္သာရီတိုင်းတို့တွင် တွေ့ရသော်လည်း ယခုအခါ တနင်္သာရီတိုင်းဘက်တွင်သာ
ရှိနိုင်တော့မည်ဟု ခန့်မှန်းနေကြကြောင်း သိရသည်။
၁၉၉၈ ခုနှစ်က
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင်
ကျားကောင်ရေ ၁၂၀၀ ၀န်းကျင်ခန့် ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် အကောင်ရေ
၃၅၀ ခန့်သာ ကျန်ရှိပြီး မြန်မာနယ်စပ်နှင့် ထိစပ်လျက်ရှိသည့် Kwibari
အမျိုးသား ဥယျာဉ်တွင် ယခင်နှစ်များက ကျား ၁၀ ကောင်ကျော် ရှိခဲ့သော်လည်း
၂၀၁၂ ခုနှစ်တွင် တစ်ကောင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment