Related Posts Plugin for WordPress, Blogger...

Saturday, December 14, 2013

နှင်းဆီည


မှောင်နေတဲ့ညဟာ
ကြယ်တွေကိုထင်ရှားစေခဲ့သည်အထိ

အမြန်ရောက်ချင်နေကာမှခြေထောက်တွေကပဲ နှေးနေသလို
စိတ်ကဘရိတ်မမိပဲ သံတိုင်တွေနဲ့ ၀င်ဆောင့်တယ်
မျှော်လင့်ချက်တွေကိုမေ့ပစ်ရမယ်တဲ့လား…ခြေနင်းထားတဲ့လမ်းဟာ
မမြင်မစမ်း…ဟိုးဘက်ကမီးဝါ၀ါတွေဟာ သန်လျင်သီလ၀ါ ရိုးတန်းကြီးပေါ့
ငါတို့ကတော့ဒီဘက်ကမ်းရဲ့ မှောင်မည်းနေတဲ့ လယ်ကွင်းတွေကြား
ရှေ့နောက်ကိုယ်စီလျှောက်ကြရင်း ကိုယ့်ညထဲမှာ ကိုယ်ပြန်မှောင်

မြေသားရနံ့တွေနဲ့လေကိုရှုရှိုက်ရင်း ရှေ့ကနီးကပ်လာတဲ့မီးရောင်တွေကို
တောက်ခေါက်မိတယ်…ညကောင်းကင်ကိုမော့ကြည့်တော့  ကြယ်တွေစုံနေတာတွေ့ရ
အချိန်တွေကြာနေသယောင်ရှိနေပေမယ့်မနက်လင်းလာတာနဲ့ ငါတို့ပွဲဟာစပြီ
ဆူးတွေလိုထက်မြတဲ့ လူတွေက ဒီညထဲကနေ မနက်ခင်းဆီ ထွက်လာကြလိမ့်မယ်

ဆုပ်ထားတဲ့လက်တွေထဲမနက်ဖြန်ဟာ မိုးသောက်လင်းလာလိမ့်မယ်
သေချာတာကငါတို့မျက်လုံးတွေ စုံလုံးမကန်းဘူးဆိုတာနဲ့ ငါတို့ခေါင်းတွေ
ငုံ့မခံဘူးဆိုတာငါတို့ခွပ်ဒေါင်းပီသတယ်ဆိုတာ ခွပ်ဒေါင်းက ပုဒ်မ (၁၈)ကို
မကြောက်ဘူးဆိုတာငါတို့ ပြနိုင်ကြပြီဖြစ်ရဲ့…အောက်ခံပန်းနီတွေ ညီညီညာညာ
ငါတို့ရဲ့ရွှေရောင်ငှက်များသမိုင်း ယနေ့ရှေ့ဆက်ရှင်သန်နိုင်ဖို့
တာဝန်ကိုလွှဲပြောင်းယူရင်းပုခုံးလည်းလေးသထက်လေးခဲ့ပြီ

ဆုပ်ထားတဲ့လက်တွေထဲမနက်ဖြန်ဟာ မိုးသောက်လင်းလာလိမ့်မယ်
                                                                        ရွှေကြယ် မိုး


(ဒလ-ရန်ကုန်ရေယဉ်စီးခမြင့်တက်မှုအပေါ်ကန့်ကွက်သည့်အနေဖြင့် ခွင့်ပြုချက်မရရှိပဲ
 ဆန္ဒထုတ်ဖော်မည့်နေ့မတိုင်ခင်ညဘက်အဆုံးသတ်အစည်းအဝေးလုပ်အပြီး
 မှောင်နှင့်မည်းမည်းကြီးထဲ လယ်ကွင်းများဘေးတစ်ဖက်လမ်းမကြီးပေါ်မှ
 ကျွန်တော်နှင့် N.L.D ရဲဘော်များဖြတ်အပြန် အမှတ်တရ)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U