Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

ကမ္ဘာ့အကောင်းဆုံးဆုများအတွက် ဆန်ခါတင်(၃)ဦးစာရင်း ထွက်ပေါ်




ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ပဏာမ (၂၃)ဦးစာရင်းမှ ဆန်ခါတင် (၃)ဦးစာရင်းကို ရွေးချယ်ခဲ့ရာတွင် အများထင်မှတ်ထားသည့်အတိုင်း ရော်နယ်ဒို၊ မက်ဆီနှင့် ရီဘာရီတို့ ပါဝင်ခဲ့သည်။ အဆိုပါဆုကို ဇန်န၀ါရီလ (၁၃)ရက်နေ့တွင် ပေးအပ်မည်ဖြစ်ပြီး ရော်နယ်ဒို ဆုရမည်ဟု ရေပန်းစားနေသော်လည်း ဖီဖာဥက္ကဋ္ဌ ဘလတ္တာ၊ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီတို့နှင့် ပြဿနာရှိနေသည့်အတွက် ၎င်းအနေဖြင့် ဆုပေးပွဲ တက်ရောက်ရန် မသေချာသေးပေ။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းနှင့်အတူ အကောင်းဆုံးနည်းပြ (၃)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ယမန်နှစ်ရာသီ အကုန်က ဘောလုံးလောကမှ အနားယူသွားကြသည့် မန်ယူနည်းပြဟောင်း ဖာဂူဆန်၊ ဘိုင်ယန်နည်းပြဟောင်း ဂျက်ဟေးနက်စ်တို့နှင့်အတူ ဒေါ့မွန်နည်းပြ ဂျာဂျန်ကလော့တို့ ရွေးချယ်ခံခဲ့ရသည်။ ထို့အပြင် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဆန်ခါတင် (၃)ဦး စာရင်းတွင် ဂျာမနီဂိုးသမား အန်ဂျာရာ၊ ဘရာဇီး ကစားသမား မာတာနှင့် အမေရိကန်အသင်း တိုက်စစ်မှူး ၀မ်ဘတ်ခ်ျတို့ ရွေးချယ်ခံရကြောင်း သိရသည်။

Read more: http://www.myanmarcnn.com/2013/12/blog-post_8323.html#ixzz2n3hwsZRG

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U