Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ပဋိပက္ခဒဏ်ခံ မိတ္ထီလာမှ ကလေးများ၏ စိတ်ခံစားမှုများကို စစ်တမ်းကောက်ယူမည်



ပဋိပက္ခဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှ ကလေးငယ်များ၏ စိတ်ခံစားမှုများကို စစ်တမ်းကောက်၍ စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိတ္ထီလာဒေသရှိ ကလေးငယ်များ၏ စိတ်ခံစားမှုအခြေအနေကို (Art bridge for peace) လူငယ်အဖွဲ့အစည်းက နိုဝင်ဘာနောက်ဆုံးပတ်တွင် စစ်တမ်း စတင်ကောက်ယူနေပြီး ရလဒ်များကို အနုပညာဖန်တီးမှုစာအုပ် ထုတ်ဝေသွားမည်ဟု ယင်းအဖွဲ့မှ ကိုနော်နော်ကပြောသည်။

စစ်တမ်းတွင် မိတ္ထီလာ ကလေးများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စသည့်ကာလသုံးခုတွင် ကြုံတွေ့ရသည့်စိတ်ခံစားမှုကို အနုပညာအဖြစ် ပြန်လည်ဖော်ပြစေသည့်နည်းဖြင့် စစ်တမ်းကောက်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
““ရလာတဲ့စစ်တမ်းတွေကို ပြန်ဆွေးနွေးသွားမယ်။ ပြီးရင် ပန်းချီ၊ အနုပညာကာတွန်းပေါင်းပြီး စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေသွားမယ်””ဟု ကိုနော်နော်က ပြောသည်။

ယင်းစစ်တမ်းကောက်ယူမှုကို Acted အဖွဲ့အစည်း၏ ထောက်ပံ့မှုဖြင့် ကောက်ယူခြင်းဖြစ်ပြီး မိတ္ထီလာတွင် အခြားအကူညီပေးရေးများကိုပါ လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားခဲ့သည့်  မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် လူ ၄၃ ဦး သေဆုံးပြီး အိမ်ခြေ  ၁၅၀၀ကျော် မီးရှို့ဖျက်ဆီးခံရကာ လူဦးရေတစ်သောင်းနီးပါး ဒုက္ခသည်များဘ၀သို့ ရောက်ရှိခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U