Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

စံပြဈေးအနီးတွင် မထသ ၃၄ အထူးယာဉ် ဘရိတ်ပေါက်ပြီး ကားသုံးစီးကို ဆင့်တိုက်ကာ ယာဉ်တိုက်မှုကြောင့် နှစ်ဦးဒဏ်ရာရ




ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ယာဉ်များအား သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက စံပြဈေးအနီးတွင် မထသ ၃၄ အထူးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ပြီး ကားသုံးစီးကို ဆင့်တိုက်ရာမှ အဆိုပါ ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၊ လေးထောင့်ကန်လမ်းအတိုင်း မောင်းလာသော မထသ ၃၄ အထူးယာဉ်သည် ဘရိတ်ပေါက်ပြီး ကယ်ဒီနာယာဉ် နောက်ပိုင်းကို ဦးစွာဝင်တိုက်ပြီး ဂျစ်ကားအား ၀င်တိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျစ်ကားမှာ မထသ ၃၄ အထူးယာဉ်နှင့်အတူ ချိတ်ပါသွားခဲ့ပြီး ရှေ့ရှိဘီအမ်ကားကိုပါ ထပ်မံတိုက်ခဲ့ပြီးမှ မထသ ၃၄ ယာဉ်မှာ အရှိန်သေသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးနှင့် ဂျစ်ကားပေါ်တွင် ပါလာသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး လက်ရှိအချိန်တွင် စံပြဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

“ဂျစ်ကားပေါ်က လူနာကတော့ ဒဏ်ရာအများကြီး မရပါဘူး။ လမ်းဖြတ်ကူးတဲ့သူကတော့ အဘွားကြီးလို့ ပြောတယ်။ အဲဒီအမျိုးသမီးကြီး သေလောက်တဲ့ဒဏ်ရာ ရမရဆိုတာတော့ ဆေးရုံသွားကြည့်ပြီးမှပဲ သတင်းအတိအကျ ပြောလို့ရမယ်။ အနားဝန်းကျင်က လူတွေကတော့ သတိရှိတယ် မသေနိုင်ဘူးလို့ ပြောတာကြားတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ယာဉ်ထိန်းရုံးမှ ဒုရဲအုပ် ကျော်မင်းလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U