Related Posts Plugin for WordPress, Blogger...

Monday, December 16, 2013

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် ယာယီအသုံးပြုမည့် ဂုဏ်ပြုခန်းမဆောင် ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်




ပြည်တွင်းခရီးသည် နားနေဆောင်အဖြစ် အသုံးပြုသွားမည့် လေဆိပ်ဂုဏ်ပြုခန်းမဆောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် ယာယီအသုံးပြုသွားမည့် လေဆိပ်ဂုဏ်ပြု ခန်းမဆောင်အား ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်တွင်းခရီးသည် နားနေဆောင် အဆောက်အုံဟောင်းအား ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လအတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U