Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

သရေခေတ္တရာ ရှေးဟောင်းဇုန်တွင် နွားလှည်းယာဉ်ဂိတ် ဖွင့်ပြီ




ပဲခူးတိုင်း၊ ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက် လည်ပတ်ကြမည့် ခရီးသည်များ အတွက် ဇုန်အတွင်း နွားလှည်းယာဉ်ဖြင့် သွားလာနိုင်ရန် ဒီဇင်ဘာ ၂ ရက်တွင် ဂိတ်ဖွင့်လှစ် ပြေးဆွဲသွား မည်ဟု အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ပေးသည့် ပြည်မြို့၊ မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေး ထွန်းက ပြောသည်။

ဒီဇင်ဘာ ၁ ရက်က မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ပြီး နွား လှည်းယာဉ် ဂိတ်ကို မှော်ဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် သီရိခေတ္တရာ ပြတိုက်ကြား မြေကွက်လပ် တွင် ပြုလုပ်ကာလှည်းအစီး ၃၀ ထားရှိမည် ဖြစ်သည်။

“ကမ္ဘာလှည့်ခရီးသွားများ အလွယ်တကူ လှည်းငှားနိုင်အောင်နဲ့ ဒေသခံများ တစ်ဖက်တစ်လမ်းက ၀င်ငွေ ရရှိစေရန် ရည်ရွယ်ပြီး နွားလှည်းယာဉ်ဂိတ် ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ဦးအေးထွန်းက ဆိုသည်။

ယခင်က သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ သွားရောက်ရာတွင် နွားလှည်းငှားနိုင်ရန် သတ်မှတ်နေရာ မရှိ ဘဲ စုံစမ်း ငှားရမ်းရခြင်းဖြစ်ကာ တစ်ရက်လျှင် သုံးစီးမှ အစီးရေ ၂၀ ခန့်အထိ ငှားရမ်းရသည် များရှိသည် ဟု ၎င်းကပြောသည်။

အဆိုပါ ဂိတ်တွင် လှည်းမောင်းကျွမ်းကျင်သည့် ဒေသခံလယ်သမားများက လယ်ယာသုံး သံဘီးတပ် လှည်းများဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး လေးနာရီကြာ လှည်းမောင်းပို့ရသည့် ရှေးဟောင်းဇုန် တစ်ပတ် ခရီးကို အခကြေးငွေ ကျပ် ၅,၀၀၀ သတ်မှတ်ထားသည်။

သရေခေတ္တရာ ပျူမြို့ဟောင်းတွင် မြို့တံခါးပေါက်ကိုးခု ဘုရားစေတီ ၉၀ အပါအ၀င် သိမ်၊ ဂူဘုရား၊ ဘုန်းကြီးကျောင်း၊ အရိုးအိုးကုန်း၊ အုတ်ကုန်း၊ ကျုံး စုစုပေါင်း ရှေးဟောင်း အဆောက်အအုံ ၂၇၀ ခန့် ထိန်းသိမ်းထားပြီး ကမ္ဘာ့ယာဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U