ပြည်တွင်းရွှေပေါက်ဈေး တစ်ကျပ်သားလျှင် ၆၅၉,၀၀၀ ကျပ်သည် ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည် ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
သင်္ကြန်ကာလက ဖြစ်ခဲ့သော ပြည်တွင်းရွှေဈေး ၆၆၅,၀၀၀ ကျပ်သည် ယခုနှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ် သော်လည်း လက်ရှိပေါက်ဈေးသည် ယင်းဈေးနှုန်းထက်ပင် ဈေးကျနေပြီဖြစ်သည်ဟုရွှေဆိုင်လုပ်ငန်း ရှင်များက ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်တွင် ပြည်တွင်းရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၆၆၃,၀၀၀ ဈေးရှိခဲ့ပြီး ၃၀ ရက်တွင် ကျပ် ၆၅၉,၀၀၀ ဈေးထိ တစ်ရက်အတွင်း ကျပ် ၄,၀၀၀ ထိ ဈေးကျဆင်းလာခဲ့သည်။
တိတ်စိန် ရတနာရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “ရွှေဈေးကတော့ မခန့်မှန်းတတ်အောင်ကို ဖြစ် နေတာ၊ ရွှေဈေး တက်မယ်ကျမယ် အမျိုးမျိုး ခန့်မှန်းနေကြတယ်၊ အဓိက,ကတော့ ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျနေတာကြောင့်ပဲ ပြည်တွင်းဈေးပါကျနေတာ” ဟု ပြောသည်။
0 comments:
Post a Comment