နေပြည်တော်ရှိ
ဝဏ္ဏသိဒ္ဓိ မြင်းစီးကွင်း၌ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်
Medical Team အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ ကျင်းပရာ နေရာများ၌ အားကစားသမားများနှင့်
ပွဲလာပရိသတ်များ၏ အရေးပေါ်ကျန်းမာရေး ၀န်ဆောင်မှုများကို ကျန်းမာရေး
ဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး ၀န်ထမ်းများက လုပ်ဆောင်ပေးလျက်ရှိကြောင်း
သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် အရေးပေါ် ကျန်းမာရေး
ဝန်ဆောင်မှုများအပြင် အစားအစာကြောင့်ဖြစ်သည့် ကူးစက်ရောဂါများနှင့်
ကူးစက်မြန်တုပ်ကွေးနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှု မရှိစေရန် Medical
Team များရှိ ကျန်းမာရေးမှူးများက စောင့်ကြပ်လေ့လာမှုများ
ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့မှာဆိုရင်
အဖွဲ့ခေါင်းဆောင် အပါအ၀င် အရိုးအထူးကု ဆရာဝန်ကြီးတွေ၊ လက်ထောက်ဆရာဝန်တွေ၊
သူနာပြု၊ ကြက်ခြေနီ၊ ကျန်းမာရေးမှူး စတဲ့ကျန်းမာရေးဝန်ထမ်း ၄၈ ဦး ပါတယ်။
အရေးပေါ် ကျန်းမာရေး ဖြစ်လာရင် ဆေးရုံဆေးခန်းတွေကို
ချက်ချင်းလွှဲပြောင်းပေးနိုင်အောင် လူနာတင်ယာဉ်တွေကိုလည်း ပြင်ဆင်ထားတယ်။
ဒီလိုအရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် အစားအစာကြောင့်ဖြစ်တဲ့
ဝမ်းရောဂါတွေ၊ ကူးစက်မြန်တုပ်ကွေးရောဂါမျိုးတွေ မဖြစ်အောင် Medical Team
တွေမှာရှိတဲ့ ကျန်းမာရေးမှူးတွေက စောင့်ကြပ်လုပ်ဆောင် ပေးနေပါတယ်" ဟု
နေပြည်တော် ဇေယျာသီရိ အားကစားကွင်းရှိ Medical Team မှ တာဝန်ရှိသူ တစ်ဦးက
ဆိုသည်။
အားကစား သမားများနှင့် ပွဲလာပရိသတ်များ၏ အရေးပေါ်
ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများကို Medical Team များ ဖွဲ့စည်းကာ
လုပ်ဆောင်ပေးလျက်ရှိပြီး အဖွဲ့တစ်ဖွဲ့လျှင် ကျန်းမာရေးဝန်ထမ်း ၅၀
ဝန်းကျင်ခန့် ပါဝင်ကြောင်းနှင့် နေပြည်တော် တစ်မြို့တည်းမှာပင် Medical
Team ၁၃ ဖွဲ့ခန့်၊ အရေးပေါ် လူနာတင်ယာဉ် စုစုပေါင်း ၉၀ ခန့်ရှိကြောင်း
သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
ဆီးဂိမ်းစ်ကျင်းပရာ နေရာများ၌လည်း အရေးပေါ်ကျန်းမာရေး ၀န်ဆောင်မှုများကို
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံ ၁၃ ရုံမှ ကျန်းမာရေး
ဝန်ထမ်းများမှ ပူးပေါင်းလုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ
ဆရာဝန်အသင်း၊ ကြက်ခြေနီအသင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေး
အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment