Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

ဘောလုံးလောကသတင်းတိုများ


ချယ်ဆီးနှင့် အင်္ဂလန်ဘယ်နောက်ခံကစားသမားသမား အက်ရှ်လေကိုးသည်ချယ်ဆီးနည်းပြဟောင်း ကာလို့အန်ဆယ်လော့တီ လက်ရှိတာဝန်ယူကိုင်တွယ်လျက်ရှိသော စပိန်လာလီဂါကလပ် ရီယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

နည်းပြ ဒေးဗစ်မိုယက်၏ မန်ယူအသင်းသည် လာမည့်ဇန်န၀ါရီပြောင်းရွှေ့ကာလတွင် အသင်းအတွက် အားနည်းချက်ရှိနေသည့် နောက်တန်းကိုအားဖြည့်ရန် အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ်အား ပစ်မှတ်ထားလျက်ရှိကြောင်းသိရသည်။

အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် အင်တာမီလန်အသင်းတို့သည် စပါးအသင်းမှ တိုက်စစ်ရောကွင်းလယ်ပါ အကောင်းဆုံးကစားနိုင်စွမ်းရှိသော အသက် (၂၁) ရွယ် ကွင်းလယ်လူ လာမီလာကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးသည် အသင်း၏ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ရန် ရီယဲလ်မက်ဒရစ် အသင်းမှ အသက် (၂၁) အရွယ် တိုက်စစ်မှူး အယ်လ်ဗာရိုမောရက်တာအား ခြောက်လအငှားစာချုပ်ဖြင့် ခေါ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဲဗာတန်အသင်းနှင့် နယူးကာဆယ်အသင်းတို့သည် ရီဒင်းအသင်းမှ အင်္ဂလန်ဂိုးသမား မက်ကာသီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U