Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

အာဆီယံ-ဂျပန် ဆက်ဆံရေးနှစ် (၄၀) ပြည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ သွားရောက်



ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများ ရောက်ရှိလာစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်ထိ ပြုလုပ်မည့် အာဆီယံ-ဂျပန်ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်သည် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

သမ္မတဦးသိန်းစိန်သည် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့်လည်း သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်နှင့်အတူ သမ္မတရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ကြောင်းသိရသည်။ သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့် သီးခြားတွေ့ဆုံဆွေးနွေးသွားရန်ရှိပြီး အိုဆာကာ၊ ကျိုတို၊ ဟာမမက်ဆု၊ နာဂိုယာတို့သို့လည်း သွားရောက်မည်ဖြစ်ကာ ဆူဇူကီးမော်တာ၊ တိုယိုတာသို့လည်း သွားရောက်လေ့လာရန် ရှိကြောင်းသိရသည်။

မြန်မာသမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့်အတွက် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မြန်မာ၏ ကြိုးစားအားထုတ်မှုကို ထောက်ခံမှု၊ ရင်းနှီးမြှုပ်နှံမှုများအတွက် ဥပဒေကြောင်းခိုင်မာရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးသွားရန်ရှိကြောင်းသိရသည်။ ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံမည့် အလားအလာများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်းသိရသည်။

အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀) ပြည့် ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များတက်ရောက်ကြမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ပြည်တွင်း အခြေအနေများကြောင့် ၀န်ကြီးချုပ် တက်ရောက်နိုင်မည်မဟုတ်ဘဲ ဒုတိယ၀န်ကြီးချုပ်သာ တက်ရောက်မည်ဖြစ်ကြောင်းသိရ သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U