Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

ဂျပ်စတင်ဘီဘာ အဆိုတော်အဖြစ်က အနားယူမယ်


နာမည်ကြီး ကမ္ဘာကျော် အဆိုတော် Justin Bieber က အဆိုတော်အဖြစ် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကို စွန့်လွှတ်နေ ပြီး သူဟာ အနားယူနေပြီလို့ ကြေညာလိုက်ပါတယ်။

သူ့အနာဂတ် ဘယ်လိုရှိမလဲဆိုတဲ့ အမေးကို သူက အခုလို ဖြေလိုက်တယ်။

“ အယ်လ်ဘမ်အသစ်လား၊ ကျနော်က တကယ်ပဲ အနားယူနေပြီး ကျနော်က အနားယူနေတဲ့ လူပဲ၊ ကျနော် အချိန်နည်းနည်းတော့ ယူမယ်။ ဂီတကို စွန့်မလားလို့ ကျနော် တွေးနေတယ်” လို့ ဂျပ်စင်ဘီဘာက ပြော လိုက်တာပါ။

အသက် ၁၉ နှစ်ရှိတဲ့ Justin Bieber က အခုလို ကြေညာလိုက်တာဟာ ကမ္ဘာတလွှား ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ မျက်ရည်တွေ မြစ်တစင်းအလား စီးဆင်းသွားမလားပါဘဲ။











သူဟာ မိန်းကလေးတွေရဲ့ နှလုံးသည်းပွတ်ကိုလည်း ဆွဲဆောင်နိုင်သူ၊ သူ့ ဂီတ၊ သီချင်းတွေကလည်း အရမ်း ကို အောင်မြင်နေတာဆိုတော့ ဘာကြောင့် ဂျပ်စတင် ဘီဘာ အခုလိုပြောလိုက်သလဲ ဆိုတာ ကျမလည်း စဉ်းစားမရပါဘူး။ သူကလည်း သတင်းတွေမှာ ဘာကြောင့် အခုလို ဂီတကို စွန့်ခွာမယ်ဆိုတာ တိတိကျကျ ပြောမသွားခဲ့ပါဘူး။

သူ့ရဲ့ အယ်လ်ဘမ်အသစ်ကို လာမယ့် သတင်းပတ် ထွက်မယ့်ကိစ္စမှာ တေးဂီတ ထုတ်လုပ်ရေးနဲ့ သူဟာ
နောက်ဆုတ်ခဲ့တယ်လို့ ပြောလိုက်ပြီး ဒါရာ ရာသက်ပန် ဖြစ်သွားနိုင်တယ်လို့တော့ ပြောသွားခဲ့ပါတယ်။

ဂျပ်စတင် ဘီဘာဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားက လော့စ်အိန်ဂျလီစ်မှာ ရေဒီယို သတင်းဌာနတခုနဲ့ သူ့ ရဲ့ အယ်လ်ဘမ်အသစ်အကြောင်း ပြောရင်း သူဟာ အနားယူနေပြီဖြစ်တဲ့ လူတယောက်ပဲလို့ ပြောလိုက်ပါတယ်။

သူဟာ အနုပညာရှင် တဦးအဖြစ် ကြီးပြင်းချင်တယ်လို့ ပြောပြီး သူ့အနုပညာကို ရင့်ကျက်ချင်လို့ နောက် ထပ်ခြေတလှမ်း ထွက်လှမ်းလိုက်တာဖြစ်တယ်လို့လည်း Mail Online သတင်းတပုဒ်မှာ ရေးထားပါတယ်။

တလောကပဲ သူနဲ့ပတ်သက်ပြီး ဝေဖန်တာတွေထဲက တခုကတော့ အတော်ကို ပွဲဆူသွားစေခဲ့တာပါ။ သူဟာ နောက်ထပ် လူတွေကို ဖျော်ဖြေတင်ဆက်နိုင်မယ့် ကျော်ကြားစေတဲ့ အိုင်ဒီယာအသစ်မရှိတော့ဘူး ဆိုတာပါဘဲ။

လူတွေက သူ့ကို မာန်မာနထောင်လွှားပြီး ရန်ုလိုတတ်သူလို့ ထင်ကြပေမယ့် သူက မဟုတ်ဘူးဆိုတဲ့ အကြောင်းလည်း ဂျပ်စတင် ဘီဘာက ပြောပါတယ်။

ဂျပ်စတင်ရဲ့ အဖွားဖြစ်သူကတော့ အခုလို သူ့အနေနဲ့ ဂီတကိုစွန့်လိုက်တဲ့အပေါ် သဘောမတူဘူးဆိုတာ လည်း သတင်းဌာန တခုနဲ့ ထုတ်ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က သူ့ရဲ့ ယူကျူက သီချင်းအယ်လ်ဘမ်ကတော့ သွားကြည့်ကြတဲ့ အကြိမ်ပေါင်း ၂ သန်းခွဲတောင် ကျော်သွားပါပြီ။ ဧရာဝတီက ပြန်လည် မျှဝေပေးလိုက်ပါတယ်။
 




Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U