ရှေ့ဆုံးက ဗုံသံ၊ လင်းကွင်းသံ ဆူဆူညံညံ - နောက်မှာတော့ လှလှပပ ဝတ်စားထားတဲ့ အမျိုးသမီးများ တန်းစီလို့။
အရင်တပတ် ကြာသပတေးနေ့ မန္တလေးကို အလည်ရောက်ခိုက် လမ်းမကြီးတနေရာမှာ တွေ့ရတဲ့ မြင်ကွင်းပါ။
သူတို့အနားကပ်ပြီး မေးကြည့်တော့ မင်္ဂလာဆောင် အခမ်းအနားတခုရဲ့ အစိတ်အပိုင်းတခုလို့ ဆိုတယ်။
ဘာလူမျိုးလဲ ထပ်မေးကြည့်တော့ ပုဏ္ဏားမျိုးလို့ ပြောကြပါတယ်။
အမျိုးသမီးတချို့က ပန်းအိုးရွက်ထားတယ်၊ တချို့ကတော့ လက်ဖွဲ့ပစ္စည်းလိုမျိုး တခုခု ကိုင်လာကြတယ်။
ပန်းအိုးရွက်သူတွေက ဖိနပ်စီးမထားပါဘူး။
ရှေ့ဆုံးက ဗုံသမားများရှေ့မှာတော့ အမျိုးသားနှစ်ဦးကို ကလေးချီထားတာ တွေ့ရတယ်။
ကလေးတွေက ကောင်လေးတယောက်၊ ကောင်မလေးတယောက် ဖြစ်ပါလိမ့်မယ်။
ကောင်လေးတယောက်ကိုချီထားသူလည်း ဖိနပ်စီးမထား။
အမျိုးသမီးတယောက်က မှန်တချပ် သယ်လာတယ် ဆိုတော့ သူတို့ သယ်လာတာတွေက ခန်းဝင်ပစ္စည်းတွေလည်း ဖြစ်နိုင်ပါတယ်။
သတို့သားနဲ့ သတို့သမီးဘယ်မှာလဲ မေးကြည့်တော့ (စီတန်းလှည့်လည်နေတဲ့ထဲ မပါဘူး)၊ သူတို့က တနေရာရာမှာ ရှိကြတယ်လို့ ပြုံးပြုံးရွှင်ရွှင် ရှင်းပြကြပါတယ်။
လိုက်ပြီးလေ့လာဖို့ ကိုယ့်ဘက်ကအခြေအနေမပေးတာကြောင့် မြင်ရသမျှကိုပဲ ဓာတ်ပုံနည်းနည်းရိုက်ခဲ့ပါတယ်။
ပုဏ္ဏားမျိုးနွယ် အများအပြား မန္တလေးမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ ။
Sayar Chan




12:34 AM
sayarchan.blogspot.com








Posted in:
0 comments:
Post a Comment