Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ နေပြည်တော်၌ ကျင်းပ



အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းဝေးပွဲအား တွေ့ရစဉ်

သတ္တမအကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း အားကစားနည်း ၁၂ နည်းဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီအစည်းဝေးမှ သိရသည်။

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်မှ ၂၁ ရက်အထိ ပြိုင်ပွဲကာလ ၁၁ ရက်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ခုနစ်ယောက်တစ်ဖက်ဘောလုံး၊ ငါးယောက်တစ်ဖက်ဘောလုံး၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘတ်စကက်ဘောနှင့် ဘီးတပ်ဘတ်စကက်ဘော စသည့်အားကစားနည်း ၁၂ နည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် အားစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ “ဆီးဂိမ်းစ်အောင်မြင်အောင် ကျင်းပသွားနိုင်တာဟာလည်း အကျိုးအမြတ်တစ်ခု ဖြစ်ပါတယ်။ ထိုအတူ အာဆီယံ မသန်စွမ်း ဆိုတာကလည်း သူနဲ့အတူ ဒွန်တွဲပါလာတာ ဖြစ်တဲ့အတွက် အောင်အောင်မြင်မြင်နဲ့ ကျင်းပပေးစေ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်းက “အမြဲတမ်း ဆီးဂိမ်းစ်ပြီးတိုင်း အာဆီယံ မသန်စွမ်းပြိုင်ပွဲကို ကျင်းပနေကျ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၆) ကြိမ်မြောက် ဆီးဂိမ်းစ်အင်ဒိုနီးရှားမှာ ကျင်းပပြီးတဲ့ အချိန်မှာ ခြောက်ကြိမ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲကို တစ်လခြားပြီး ကျင်းပတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလထဲမှာ ကျင်းပပြီး၊ သတ္တမကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲကို ၁၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အားကစားနည်း ၁၂ မျိုး ပါဝင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U