Related Posts Plugin for WordPress, Blogger...

Thursday, December 19, 2013

တရုတ်ခေါင်းဆောင်တွေနဲ့ လိင်အရှုပ်တော်ပုံကိစ္စ ကျန်ဇီယီ တရားနိုင်

နာမည်ကြီး တရုတ်မင်းသမီး ကျန်ဇီယီဟာ တရုတ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ လိင်ကိစ္စကို အမေရိကန် ကုမ္ပဏီတခုရဲ့ အွန်လိုင်း သတင်းဖော်ပြချက် မှားယွင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်တရားရုံးမှာ ဖြေရှင်း ခဲ့ ရာ အမှုနိုင် သွားပါတယ်။ 


 မင်းသမီး ကျန်ဇီယီ၊ ဓာတ်ပုံ- ရာဟူးနယူးစ်
 
တရုတ်နိုင်ငံ ပါတီခေါင်းဆောင်တွေ၊ အရာရှိကြီးတွေဟာ ကျန်ဇီယီနဲ့ အိပ်ဖို့ ဒေါ်လာသန်း ၁ဝဝ ပေးရတယ် ဆိုတဲ့ အမေရိကန်အခြေစိုက် Boxun ဝက်ဆိုက်မှာ ဖော်ပြချက်ကို မရေးသင့်လို့ ပြန်ရုပ်သိမ်းသွားခဲ့တယ်လို့ ဘီဘီစီ သတင်း တပုဒ်က ဆိုပါတယ်။ 

နာမည်ကြီး Crouching Tiger, Hidden Dragon၊ Rush Hour 2၊ ဂေးရှားမယ်စတဲ့ဇာတ်ကားတွနဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး ကျန်ဇီယီကိုလည်း မှားယွင်းဖော်ပြခဲ့တဲ့အတွက် တောင်းပန်စာကို ရေးသား
ဖော်ပြခဲ့ပါတယ်။ 

အမေရိကန် တရားရုံးတခုက အခုလို ကျန်ဇီယီကို အနိုင်ပေးဆုံးဖြတ်ခဲ့လို့ Boxun က တောင်းပန်လိုက်ရ တာပါ။

ကျန်ဇီယီရဲ့ တရားဝင် Sina Weibo ဝက်ဆိုက်က ကြေညာချက်တခုမှာ ၁၉ လကြာ၊ နေ့ ညပေါင်း ၆၀၀ လောက် ဝေဖန် ခံရခဲ့ရတာကြောင့် သာမန် လူတွေရဲ့ ယုံကြည်မှုကို တော်တော် ထိခိုက်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။ 

Boxun ရဲ့ ဝက်ဆိုက်အတွက် အဆိုပါ သတင်းကို ပေးခဲ့သူ အမည်မဖော်လိုသူ သတင်းရင်းမြစ်က အဲဒီ ကိစ္စကို တာဝန် မယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

အစောပိုင်း ကောလဟာလတွေက တရုတ်နိုင်ငံက ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မင်းသမီး ကျန်ဇီယီနဲ့ အိပ်ရင် ဒေါ်လာ သန်း ၁ဝဝ ပေးရတယ်ဆိုတဲ့ ခေါင်းကြီးပိုင်း သတင်းဖော်ပြမှုဟာ ကမ္ဘာတလွှား အတော် ရေပန်းစားသွားခဲ့တာပါ။ 

ယခင် ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဘိုရှိလိုင်းအပါအဝင် အခြား တရုတ်ထိပ်တန်း အရာရှိတွေနဲ့ လိင် ဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကျန်ဇီယီက တောက်လျှောက်ငြင်းဆို ခဲ့တာပါ။

ရာဟူးသတင်းတပုဒ်မှာတော့ ကျန်ဇီယီဟာ တရုတ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ လိင်ကိစ္စတွေက တဆင့် တရုတ်ယွမ်ငွေ သန်း ၇ဝဝ နဲ့ အဘိုးတန်  ကျောက်မျက်ရတနာတွေ ရခဲ့ပြီး ဒီဝင်ငွေတွေအပေါ် ဘာ အခွန် မှ မပေးဆောင်ဘူးလို့တောင် ရေးသားထားပါတယ်။ 

တရုတ်နိုင်ငံသတင်းဝက်ဆိုက်တွေ၊ တွစ်တာတွေမှာလည်း ဒီသတင်းကြောင့် ကျန်ဇီယီကို ဝေဖန်သံတွေ အတော်ဆူဆူ ညံညံ ပေါ်ထွက်မှုတွေက လ အတော်ကြာ ခဲ့ပြီး တချို့ကလည်း ကျန်ဇီယီအပေါ် ဂရုဏာ သက်ကြတာတွေလည်း ရှိပါတယ်။ 

တရုတ်နိုင်ငံမှာ ဒီလို လိင်မှုကိစ္စ ကောလဟာလတွေ မကြာခဏ ပျံ့နှံ့တတ်ကြတယ်လို့ သတင်းက ဆိုပြီး တရုတ် တွစ်တာသုံးသူတွေထဲက တယောက်ကတော့ ဒီကိစ္စအပေါ် မီးခိုးထွက်တာဟာ မီးစ ရှိ့လို့ဆိုပြီး 
ဝေဖန်ရေးသား ထားတာလည်း ရှိပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U