Related Posts Plugin for WordPress, Blogger...

Thursday, December 19, 2013

ဗိုလ်ချုပ်နဲ့ ဘောလုံး

ဗိုလ်ချုပ်လို့ ပြောလိုက်တာနဲ့ လွတ်လပ်ရေး ယူပေးခဲ့သူ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကို ပြေးမြင်ကြမယ် ထင်ပါတယ်။ 



ဗိုလ်ချုပ်က ဗမာတွေရဲ့ စိတ်ဓာတ် ဆိုတာကို ဘောလုံးပွဲနဲ့ နှိုင်းပြီး ပြောသွားခဲ့တာကို အခုလို ဘောလုံးပွဲ ကိစ္စတွေ လူတွေစိတ်ဝင်တစား ရှိချိန်မှာ  ဗိုလ်ချုပ်အောင်ဆန်းစကားလေးတွေကို အမှတ်ရစေဖို့ ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။ 

 ဓာတ်ပုံ- မြန်မာဘောလုံးအဖွဲ့ချုပ်စာမျက်နှာ 

“ ဒီတော့ ဘောလုံးပွဲကြည့်...၊ ကျွန်တော်တို့ ဗမာတွေ..ဟုတ်လား...၊ ဘောလုံးပွဲမယ်... ကန်ကြတဲ့အခါမယ် ဆိုရင်...၊ ကိုယ်ကပထမ စ ဂိုးသွင်းရရင်.. အတော်လေး တခါထဲ အားတက်လာ တယ်...။ 
နောက်တစ်ခါ တော်တော်လေး ဂိုးလေးများလာပြီဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာပြီ...။ ငါနိုင်မှာပါပဲ ဆိုပြီး...။ အဲ့ဒါနဲ့နေပြီးတော့ တစ်ဖက်ကနေ အပြီးသတ်ခါကျမှ ကပ်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်..၊ ရှုံးတာဖြစ်ဖြစ်..၊ ကိုယ့်ဘက်က ဂိုးလည်း မသွင်းနိုင်ဘူးဆို အဲ့ဒီအခါကျတော့ လူချတာပဲ...။ 

ဒါ ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲတွေ..၊ ဘောလုံးကန်တဲ့အကျင့်....။ အဲ့ဒါဟာ Sporting Spirit မရှိဘူးလို့ခေါ်တယ်....” 

“ဒါဘာလဲဆိုလို့ရှိရင်... ဗမာတွေစိတ်ထဲမယ်တော့.. ဒါ ထင်လိမ့်မယ်ပေါ့...။ ဗမာတွေဟာ စိတ်ဓာတ်ထက် တယ်...ဘာညာ...။ တလွဲဆံပင်ကောင်းနေတာနဲ့ အတူတူပဲ....။ 

ဒီစကားဟာ ဒီလိုနေရာတွေမှာ သုံးဖို့ပဲ...။ ဗမာတွေရဲ့စိတ်ဓာတ်က မဟုတ်တဲ့နေရာတွေမှာ သွားပြီးတော်
နေတယ်...။ တကယ့်နေရာတွေမယ်ကျတော့ အသုံးမကျဘူး...။ ဗမာ ဗမာချင်း ချဖို့ရာမှာလုပ်ချင်တယ်...။ အဲ့ဒါမျိုးတွေလုပ်ချင်တယ်...။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး...။ အဲ့တော့က ကျွန်တော်တို့ အဲ့ဒီလိုစိတ်ဓာတ်မျိုး လုံးဝ ဖျောက်ပစ်ဖို့လိုတယ်....”” 


(၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြပါသည်။)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U