အမေရိကန် အခြေစိုက် ရဟတ်ယာဉ် ကုမ္ပဏီ ဖြစ်သည့် Robinson Helicopter company က မြန်မာနိုင်ငံ တွင် လေယာဉ်စက်ရုံတည်ဆောက်ရန် ရှိကြောင်း ယင်းကုမ္ပဏီအား ပြည် တွင်းတွင် ဝင်ရောက်လုပ် ကိုင်ခွင့်ရရှိရန် အကူအညီပေးနေသည့် ဦးထိန်လင်းက ပြောသည်။
ယင်းကုမ္ပဏီအနေဖြင့် ရှေး ဦးစွာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ် ပြီး ယင်းနောက်မိတ်ဆက်အနေ ဖြင့် ပြပွဲပြုလုပ် မည်ဖြစ် ကြောင်း၊ စက်ရုံမတည်ဆောက်နိုင်မီ အ ရောင်းပြခန်းထားရှိနိုင်ရန် ကုမ္ပ ဏီအနေဖြင့် စီစဉ်ထားကြောင်း ဦးထိန်လင်းက ပြောဆိုသည်။
ယင်းက ''ကုမ္ပဏီအနေနဲ့ အရင်ဆုံး မြန်မာပြည်ကိုလာပြီး မိတ်ဆက်ပွဲလုပ်ဖို့ရှိတယ်။ ပြီးရင် Show Room ဖွင့်မယ်။ နောက် ထပ် စက်ရုံဆောက်ဖို့ပါအစီအစဉ် တွေရှိတယ်''ဟု ပြောဆိုသည်။ ယင်းကုမ္ပဏီမှ တာဝန်ရှိသူ များမှာ ဒီဇင်ဘာ ပထမ ပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မိတ်ဆက်အခမ်းအနားပြု လုပ်ရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အရင်ဆုံး နှစ်ယောက်စီး တွေကိုပြသသွားဖို့ စီစဉ်ထား တယ်'' ဟု ယင်းက ပြောသည်။ နှစ် ယောက်စီးရဟတ်ယာဉ်တစ်စီး အား တန်ဖိုးဒေါ်လာ နှစ်သိန်း ခုနစ်သောင်း သတ်မှတ်ထား ကြောင်း သိရသည်။ ဦးထိန်လင်းက ''ဝယ်မယ့် လူရှိရင်လဲရောင်းသွားမယ်။ ဌာန ဆိုင်ရာဘက်က Tax (အခွန်)ကို ဘယ်လိုယူမလဲမသိဘူး။ တခိျု့ နိုင်ငံတွေမှာတော့ မဖောင်းပွ အောင်လို့ တန်ဖိုးရဲ့နောက်တစ် ဆလောက်ကို Tax (အခွန်) ကောက်တယ်လို့ သိရတယ်''ဟု ပြောသည်။
ယင်းပြပွဲတွင် အစိုးရဌာန များဖြစ်သည့် ပြည်ထဲရေး၊ ကျန်း မာရေး၊ မီးသတ်ဌာနများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စက်ရုံဖွင့် လှစ်ပြီးထုတ်လုပ်မည့် ရဟတ် ယာဉ်များကို ဝယ်ယူလိုသူများ အနေဖြင့် ရဟတ်ယာဉ် ကိုမောင်း နှင်နိုင်သည့် လေယာဉ်မှူးများ ရရှိရေးကိုလည်း ဆောင်ရွက်ပေး သွားမည်သာမက ရဟတ်ယာဉ် နှင့် ပတ်သက်သည့် အကူအညီ များ အားလုံးကို ယင်းကုမ္ပဏီက ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
Robinson helicopter company အနေဖြင့် အရှေ့တောင် အာရှတွင် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် အရောင်းပြခန်းများ ရှိပြီး ထိုင်းနိုင်ငံတွင်တည်ဆောက် ထားသည့်စက်ရုံမှ ရဟတ်ယာဉ် များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကုမ္ပဏီအနေဖြင့် စက်ရုံတည်ဆောက်မှုကို ရန်ကုန် တိုင်းဒေသကြီး သန်လျင်၊ မှော် ဘီမြို့နယ်များတွင် တည်ဆောက် ရန်စီစဉ်ထားကြောင်း သိရသည်။
0 comments:
Post a Comment