Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကစားသမား ၁၀၀၂ ဦးအား အားကစားသမား အာမခံ အခမဲ့ ထားရှိပေးခဲ့သော်လည်း လျော်ကြေးပေးလျော်ရခြင်း မရှိ



တိုက်ကွမ်ဒို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအားကစားသမားတစ်ဦး

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အတွင်း ၀င်ရောက်ယှဉ်ပြိုင်သော မြန်မာအားကစားသမားများအတွက် မြန်မာ့အာမခံနှင့် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ ပူးပေါင်း၍ အားကစားအာမခံကို အခမဲ့ထားရှိခွင့် ပြုခဲ့သော်လည်း လျော်ကြေးပေးလျော်ရမှု မရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

နိုင်ငံခြားသားများ အနေဖြင့် အားကစားသမား အာမခံ Sport Contigent Personal Accident Insurance ကို ၀ယ်ယူနိုင်ရန် စီစဉ်ပေးထားခဲ့ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း သိရသည်။

“၀င်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေ အားလုံးအတွက် အာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ လျော်ကြေးပေးလျော်ရခြင်း မရှိခဲ့ပါဘူး” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအာမခံ အမျိုးအစားသည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြီးဆုံးပါက ယခင်ဆောင်ရွက်လျက်ရှိသည့် အားကစားအာမခံ အမျိုးအစားကိုသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားနည်း ၃၃ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ၅၈၅ ဦး၊ အမျိုးသမီး ၄၁၇ ဦး စုစုပေါင်း ၁၀၀၂ ဦးကို အားကစားဝန်ကြီးဌာနမှ စာရင်းပေးပို့ထားခဲ့ပြီး ၎င်းတို့အတွက် အားကစားအာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်မှစတင်၍ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ အသက်အာမခံ၊ သမာဓိအာမခံနှင့် ငွေပို့ငွေသယ် အာမခံတို့ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U