Related Posts Plugin for WordPress, Blogger...

Wednesday, December 11, 2013

တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း



၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက yangon police facebook မှာပါတဲ့ ရည်စားဟောင်းဖြစ်သူမှ လက်ကောက်အား လုယူသွားမှု သတင်းနဲ့ပတ်သက်လို့ ကာယကံရှင်မှ ရှင်းလင်းပြောကြား၍ ပြန်လည်တရားစွဲ လိုက်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က Yangon Police Book မှာပါတဲ့ သာကေတမြို့နယ်နေ မနုနုထွေး၊ (ဘ)ဦးအုန်းလွင်က ၎င်းအား ရည်းစားဟောင်းဖြစ်သူ အောင်နိုင်ဦးမှ ရွှေပုဇွန် စားသောက်ဆိုင်မှာ စားသောက်ပြီးအပြန်မှာ ကားနှင့်ခေါ်လာခဲ့ပြီး မယူလျှင် သတ်ပစ်မည်ဟုပြောဆို၍ သန်လျင်ဘက်သို့ မောင်းနှင်ခဲ့ကြောင်း၊ မနုနုထွေးက အိမ်ပြန်ပို့ပေးရန်ပြောပြီး ကားပေါ်မှ ဆင်းမည်ပြုစဉ် ဆံပင်ဆွဲပြီး လည်ပင်းကို လက်နှင့်ရိုက်ကာ ကားကိုဆက်မောင်း၍ သာကေတ အေးနန္ဒာ တည်းခိုခန်းအနီး အရောက် ကားရပ်သဖြင့် ဆင်း၍ဖုန်းဖြင့် ဓာတ်ပုံရိုက်မည်ပြုစဉ် ဖုန်းကို လုယူရိုက်ခွဲကာ မနုနုထွေး ၀တ်ဆင်ထားတဲ့ စိန်လက်ကောက် (၁)ကွင်းကို ဆွဲချွတ်လုယူ မောင်းနှင်သွားသည့်အတွက် မနုနုထွေး က ၉.၇.၂၀၁၃ ရက်နေ့မှာ သာကေတနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့ရာ ၎င်းရဲစခန်း (ပ)၄၆၅/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း တစ်ပုဒ် ပါရှိခဲ့ပါသည်။ …..။ အဆိုပါ သတင်းနဲ့ ပတ်သက်လို့ ကာယကံရှင် အောင်နိုင်ဦးက ၄င်းနဲ့ မနုနုထွေးတို့ဟာ ၂၀၀၃/၂၀၀၄ ခုနှစ် ကတည်းက သမီးရည်းစားဖြစ်ခဲ့ပြီး မနုနုထွေး ယခုလုပ်ကိုင်နေတဲ့ H2O အမည်ဖြင့် Decoration လုပ်ငန်းကို နှစ်ဥိးသား အတူလုပ်ကိုင်ခဲ့ ကြောင်း၊ ၄င်းနောက် မိဘများ“ သဘောဆန္ဒအလျောက် လုပ်ငန်းခွဲထွက်လုပ်ကိုင်ခဲ့သော်လည်း H2O လုပ်ငန်းမှ ငွေကြေးပစ္စည်း တစ်စုံတစ်ရာ မယူခဲ့ကြောင်း …. ၆.၇.၂၀၁၃ ရက်နေ့ ကိုအောင်နိုင်ဦးသည် ၄င်းအလုပ်ရုံတွင် သူငယ်ချင်း ဗိုလ်ကြီး ကျော်ကျော် ထွေးနဲ့ စကားပြောနေစဉ်မှာပင် မနုနုထွေးက ဗိုလ်ကြီး ကျော်ကျော်ထွေးထံ ဖုန်းဖြင့် ထမင်းစားဖိတ်ခဲ့လို့ အောင်နိုင်ဦးလည်း လိုက်သွားပြိး အပြန်မှာ ဗိုလ်ကြိး ကျော်ကျော်ထွေး၊ မနုနုထွေးနှင့်အတူ ကိုအောင်နိုင်ဦး မောင်းသည့်ကားနဲ့ ပြန်လည်ခဲ့ကြောင်း၊ တာမွေက ဘရိုက်စတား ဆံပင်ညှပ်ဆိုင်မှာ အောင်နိုင်ဦး ဆံပင်ညှပ်တဲ့ အချိန်မှာလည်း မနုနုထွေးတို့ ၂ ဥိးလည်း ထိုင်စောင့်နေ ခဲ့ကြောင်း၊ ၄င်းနောက် အောင်နိုင်ဦးဟာ ဗိုလ်ကြိး ကျော်ကျော်ထွေးကို လိုက်ပို့ပြီး မနုနုထွေးနဲပပြန်လည်စဉ်မှာပင် လက်ထပ်ယူရန် ပြောဆိုရင်း သန်လျင်ဘက် ရောက်ကာ စကားအခြေအတင်ဖြစ်ပြီးပြန်လ်ာစဉ် သန်လျင်တံတားအဆင်းအရောက် ကားရပ်စဉ် မနုနုထွေးမှ ကားပေါ်မှ ဆင်းပြီး ၄င်းကို ရိုက်နေတယ်ဟု အော်သဖြင့် ၀ိုင်းကြည့်နေတဲ့လူအုပ်ကို ရှင်းပြပြီး မနုနုထွေးအား ကားပေါ်ခေါ်တင်သည့်အခါ မလိုက်ဘဲ ဆက်အော်နေသဖြင့် ထားခဲ့ပြီး ကားကိုမောင်းလာခြင်းဖြစ်ကြောင်း ၄င်းဖြစ်စဉ်အား မနုနုထွေးမှ ချဲ့ကားပြီး တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုင်ချက်မှာပါတဲ့ လုယူသွားတဲ့ စိန်လက်ကောက်ဟာလည်း အောင်နိုင်ဦးက မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ကောက်ဖြစ်ကြောင်း သိရှိရပါသည်။ မနုနုထွေးက ဘယ်လိုဘဲ စွပ်စွဲတိုင်ကြားခဲ့သော်လည်း ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး ဥပဒေရုံးအဆင့်ဆင့်ကို အကြံညာဏ် တောင်းတဲ့အချိန်မှာတော့ စွပ်စွဲချက်ဟာ မမှန်ကန်ဘဲ သာမန်စကားများရန်ဖြစ်မှု ပုဒ်မ ၃၅၄/၅၀၆/၃၂၃/၄၀၃ နဲ့ဘဲ အကြံပြုခဲ့ တယ်လို့ သိရှိရကာ သာကေတတရားရုံးမှာ ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်းနှင့် စိန်လက်ကောက် လုယူသွားကြောင်း မမှန်ကန် တိုင်ကြားတဲ့ မနုနုထွေးကို ကိုအောင်နိုင်ဦးက ပုဒ်မ ၂၉၄/၃၂၃/၅၀၀ ဖြင့် ပြန်လည် တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရပါသည်။ အပြည့်အစုံသို့ --> တရားလိုကနေ တရားခံ ပြန်ဖြစ်တဲ့ သတ်ပစ်မည်ဟု ခြိမ်းခြောက် လက်ကောက်လု ခံရတဲ့ ရည်းစားဟောင်း

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U