Related Posts Plugin for WordPress, Blogger...

Monday, December 16, 2013

ကညွတ်ကွင်း၌ ၁၂ ဘီးကားက ဘုရားဖူးယာဉ်နှင့် သစ်ပင်ကိုဝင်တိုက် နေပြည်တော်ဘုရားဖူးလာသူ နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ




ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကညွတ်ကွင်းမြို့ ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/၀ နှင့် ၁၀၃/၁ အကြားတောင်ကုန်းတဲရွာအနီးတွင် ယာဉ်မောင်း ပြည့်ဖြိုးကိုကို(၃၁)နှစ် စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့နေသူ တောင်မှ မြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 8F/7939 တိုယိုတာတောင်းအေ့(စ်)အမျိုးအစား အဖြူရောင်ယာဉ်သည်နေပြည်တော်သို့ ဘုရားဖူးရန် ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာ
စဉ် အခင်းဖြစ်ပွားသော နေရာ အရောက် မြောက်ဘက် မုံရွာမြို့မှ ခရမ်းချဉ်သီးများ တင်ဆောင်လာသည့် ယာဉ်မောင်းကိုဇော်(ခ)ဇော်လင်းဦး (၃၇)နှစ် စစ်ကုန်းရပ်ကွက် ဟင်္သာတမြို့နေသူ မောင်းနှင်လာသည့်
ယာဉ်အမှတ် ၅င/ ၆၉၇၃ နစ်ဆန်းအမျိုးအစားအဖြူရောင် ၁၂ ဘီး ကားအားတွေ့သဖြင့်အရှိန်လျှော့၍ လမ်းဘေးသို့ချပေးစဉ် ၁၂ဘီးကားမှ ဘုရားဖူးယာဉ် ၀ဲဘက် ဘေးသို့ဝင်တိုက်ကာ အရှိန်လွန်၍ လမ်းဘေးရှိ
သစ်ပင်အားထပ်မံတိုက်ပြီး တိမ်းမှောက်ခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဘုရားဖူးယာဉ် တိုယိုတာ တောင်းအေ့(စ်) ပေါ်တွင် လိုက်ပါလာသော ဘုရားဖူးများထဲမှ ဒေါ်စိန်ကြည် အသက်(၅၀) ကျန်းမာရေးဆရာမ(ငြိမ်း) မြတ်လေးလမ်းကျောက်တံခါးမြို့နေသူသည် ယာပါးနှင့် လက်ဖမိုးတို့တွင် ပေါက်ပြဲဒဏ်ရာနှင့်နောက်ကျော ညိုမည်းဒဏ်ရာများရရှိပြီးအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကာ အခြားဒဏ်ရာ ရရှိသူများအားကညွတ်ကွင်းမြို့ တိုက်နယ်ဆေးရုံသို့
တင်ပို့ရာ မောင်ဇေယျာလတ်(၂၇)နှစ်တပင်ရွှေထီးလမ်း ကျောက်တံခါးမြို့ နေသူမှာလည်း ဆေးရုံသို့ရောက်ရှိပြီး ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးသွားခဲ့သည်။

ထို့နောက် ဒဏ်ရာရရှိသူများဖြစ်သော ကိုဟိန်း၊ ဦးစိုး၊ မသန္တာလွင်၊ ဦးချစ်မြ တို့မှာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မသွင်သွယ်သွယ်မိုး၊ မမွန်၊ဒေါ်အင်ကြူ၊ ကိုဇော်(ခ)ဇော်လင်းဦးတို့မှာ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှုခံယူလျက် ရှိသည်။

ယာဉ်တိုက်မှုအား တာဝန်မှူးရဲအုပ်အောင်မင်းထိုက်က အရေးယူပေး ပါရန်တိုင်တန်းသဖြင့် (ပ)၁၆/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၄(က)/ ၃၃၇/၃၃၈ အရ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူကိုဇော်(ခ)ဇော်လင်းဦးအား အမှုဖွင့် စစ်ဆေးလျက်ရှိသည်။



0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U