Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

သန်းချီတဲ့ အနီရောင်ဂဏန်းလုံးများ ခရစ်စမတ်ကျွန်းဆီရွေ့လျားဦးတည်



ခရစ်စမတ်ကျွန်းဆိုတာက အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သြစတြရီးယားပိုင်ကျွန်းစု တစ်ခုဖြစ်ပါတယ်။.

ဒီသန်းချီလျက်ရှိတဲ့ အနီရောင် ဂဏန်းတွေဟာ ခရစ်စမတ်ကျွန်းရဲ့ လမ်းတွေပေါ် နဲ့ ကမ်းခြေတစ်ခုလုံးကို ဖုံးလွှမ်းကာ ပြည့်နက်နေတာကြောင့်  လူတွေ သွားလာခြင်းကို ရပ်ဆိုင်းကာနေရကြောင်း သိရပါတယ်။

ဒီလို ဂဏန်းတွေထွက်ပေါ်လာမူ ဟာ နိုဝင်ဘာလ အကုန်ပိုင်းခန့်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ဖြစ်ပေါ်မူ တစ်ခုလို့ သိရပါတယ်။

သြစတြရီးယားအမျိုးသားဥယျောဉ်ဌာနရဲ့ ထုတ်ပြန်ချက်အရ အနီရောင်ဂဏန်းပေါင်း( ၄၅သန်း)ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ဒီအုပ်စုထဲမှာ ဂဏန်းမျိုးကွဲ (၁၄)မျိုးခန့်လည်းပါဝင်ကြောင်း ၊ အင်ဒိုးနီရှား ကမ်းရိုးတန်း မိုင်(၅၀၀)ခန့်ဝေးတဲ့ နေရာလိုမျိုးကျွန်းအသေးလေးတွေရှိတဲ့
နေရာက လာရောက်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U