Related Posts Plugin for WordPress, Blogger...

Friday, December 27, 2013

ကျဆုံး နိုင်/ကျဉ်း ၅၄ ဦးကို ဂုဏ်ပြုမယ်

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေရဲ့ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားသူတွေထဲက နိုင်ငံရေးအကျဉ်းသား ၅၄ ဦးကို ရန်ကုန်မြို့မှာ ပထမဆုံးအနေနဲ့ ဂုဏ်ပြုပွဲ တခုလုပ်ပါတော့မယ်။ 



အမေ့ခံ လူသားတွေအတွက် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တို့ ပူးပေါင်းပြီးလာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီထိ ဂုဏ်ပြုပွဲ ကို လုပ်မှာဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ကြောရေး စခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ နှီပ်စက်ညှင်းပန်းမှုတွေ
ကြောင့်  သေဆုံးခဲ့ရသူ စုစုပေါင်း ၁၆၂ ဦးရှိတဲ့ အထဲက ပထမဆုံး အသုတ်အနေနဲ့ ၅၄ ဦးကို အခုလို ဂုဏ်ပြုဖို့ စီစဉ်တာလို့ သိရပါတယ်။ 

ဘဏ္ဍာရေးအခြေအနေအရ ပထမ အသုတ်အတွက် ၅၄ ဦးရဲ့ မိသားစုတွေကို မိသားစု တစုကို ကျပ် ၁၀ သိန်းထောက်ပံ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာတွေလည်း ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လတ်တလော အမေရိကန်အခြေစိုက် NED က လူ ၅ဝ အတွက် ရံပုံငွေ အကူအညီနဲ့ အခြား ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထည့်ဝင်မှုနဲ့ ၅၄ ဦးကို ဂုဏ်ပြုတာဖြစ်ပြီး နောက်ထပ် ကျန်ရှိသူတွေအတွက် ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ တမိသားစုကို ကျပ် ၁ဝ သိန်း သို့မဟုတ် သဒ္ဒါ ရှိသလို လှူဒါန်းနိုင်တယ်လို့လည်း ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က အခုပထမဆုံး ဂုဏ်ပြုမယ့် ကျဆုံး နိုင်ငံရေးအကျဉ်းသား ၅၄ ဦး ရဲ့ ဓာတ်ပုံတွေကိုလည်း အခုလို ထုတ်ပြန်ထားပါတယ်။ 










0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U