Related Posts Plugin for WordPress, Blogger...

Friday, December 27, 2013

အီဂျစ်အစ္စလာမ္မစ် ၀န်ကြီးချုပ်ဟောင်း ကာဒီလ်ဖမ်းဆီးခံရ




ဒီဇင်ဘာ ၂၄ ရက်က ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုမြင်ကွင်း (Photo:AFP)

အီဂျစ်တွင် အစ္စလာမ္မစ် သမ္မတဟောင်း မိုဟာမက်မော်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဟီရှမ်ကာဒီလ်ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲဌာနချုပ်ရုံး အပြင်ဘက်တွင် ဒီဇင်ဘာ ၂၄ ရက်က ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း အပါအ၀င် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် တင်းမာမှု မြင့်တက်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကာဒီလ်ကို ကိုင်ရိုအပြင်ဘက်ရှိ သဲကန္တာရတွင် ဆူဒန်သို့ ထွက်ပြေးမည့် လူကုန်ကူးသူ တစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်တွင် မော်စီကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် ကာဒီလ်သည် လူမြင်ကွင်းရှေ့ မထွက်ခဲ့ပေ။

အီဂျစ်စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် တင်းမာမှုများ လျော့ပါးစေရန် ကြိုးပမ်းသည့် ဥရောပ စေ့စပ်ညှိနှိုင်းသူများနှင့် အစည်းအဝေးတွင် ကာဒီလ်က မော်စီကို ထောက်ခံသော အစ္စလာမ္မစ် အဖွဲ့များ၏ မဟာမိတ် တစ်ဦးအဖြစ် ကိုယ်စားပြု တက်ရောက်ခဲ့ကြောင်း သိရသည်။

ကာဒီလ်သည် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်က တရားရုံး ဆုံးဖြတ်ချက်တစ်ရပ်ကို လေးစားမှုမရှိသည့် စွဲချက်ဖြင့် ပြီးခဲ့သည့် ဧပြီတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။

ကာဒီလ်က အယူခံ ၀င်ခဲ့သော်လည်း တရားရုံးက ပြီးခဲ့သည့် စက်တင်ဘာတွင် ယင်းပြစ်ဒဏ်ကို အတည်ပြုခဲ့သည်။

ကာဒီလ်ကို မဖမ်းဆီးမီ ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကို မော်စီ၏ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ဖွယ် ရှိသည်ဟု အီဂျစ်အစိုးရက ယူဆနေသည်။

မော်စီဖြုတ်ချခံရပြီးနောက် အစ္စလာမ္မစ် ထောက်ခံသူများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး ယင်းဆန္ဒပြမှုများကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ရာ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး စေ့စပ်ညှိနှိုင်းသူများ၏ ကြိုးပမ်းမှု အထမမြောက်ခဲ့ပေ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U