Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

၁၃ဝဝ ပြည့်အရေးတော်ပုံ ခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ သမီး

မြန်မာ့သမိုင်းမှာ အထင်ကရ ၁၃ဝဝ ပြည့် ရေနံမြေ အရေးတော်ပုံကြီးရဲ့ သူရဲကောင်း အာဠာဝက သခင်ဘိုးလှကြီး ရဲ့ သမီးရင်းချာ တဦး အခုထိ အသက်ရှိထင်ရှား ရှိနေပါတယ်။ 


 မစုစုနွေး၏ ညာဖက်ကပ်လျှက်က ချိတ်လုံချည်အဝါ စိမ်းပြာရင့်အပေါ်ဝတ်၊ တံဖက်ပတ်ထားသည့် သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူ ၊ ဓာတ်ပုံ- မစုစုနွေး

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံ စိန်ရတု နှစ်ပတ်လည်နေ့မှာ အလုပ် သမား၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး ရဲ့  
ချောက်ရေနံမြေက သမိုင်းဝင်ကျောက်တိုင်ရှေ့မှာ အမှတ်တရ ဓာတ်ပုံမှာ သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူနဲ့ အတူ မှတ်တမ်း ရိုက်ကူးထားပါတယ်။ 



အခုလို ကိုလိုနီခေတ် အလုပ်သမား ခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ မျိုးဆက် သမီးဖြစ်သူနဲ့ ယခင် စစ် အာဏာရှင်အစိုးရလက်ထက် အလုပ်သမား၊ လယ်သမားတို့ရဲ့ အားထားရာ ခေတ်သစ် အမျိုးသမီး
ခေါင်းဆောင် မစုစုနွေးတို့ရဲ့ အခု ဓာတ်ပုံထဲက မြင်ကွင်းဟာ သမိုင်းကွင်းဆက်တွေရဲ့ ချိတ်ဆက်မှုကို ဖော်
ပြနေတာလည်း ဖြစ်ပါတယ်။

သခင် ဘိုးလှကြီးမှာ သားသမီး ၆ ဦးထွန်းကားခဲ့ပြီး အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယမြောက် သမီးဖြစ် သူ ဒေါ်ကျင်ကျင်ဝေ သာ ကျန်ရစ်ပါတယ်။ ဒေါ်ကျင်ကျင်ဝေကတော့ အခုအခါ မကွေးတိုင်း နတ်မောက်မြို့ မှာ နေထိုင်ပါတယ်။

သမိုင်းရဲ့ အဖိုးတန်သူရဲကောင်း တဦးရဲ့ မျိုးဆက်ဟာ အခုလို သက်ရှိထင်ရှားရှိနေခြင်း အပေါ် မျိုးဆက်သစ်တို့ အတွက် ခွန်အားတခုကို မွေးဖွားစေမှာ ဖြစ်ပါတယ်။ 

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U