Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ဆီးဂိမ်းအတွက်ရည်ရွယ်၍ Call Center မှ သီးသန့်အခမဲ့ Hot Line စတင်ဖွင့်လှစ်



မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ 1876 Call Center မှ သီးသန့် Hot Line ဖွင့်လှစ်လိုက်ကြောင်း အဆိုပါ Call Center မှ တာဝန်ရှိသူက ပြောသည်။

ဆီးဂိမ်းမစတင်မီကာလမှ ပြိုင်ပွဲများပြီးဆုံးသည်အထိ သတင်းအချက်အလက်များကို ဖြေကြားပေးသွားမည်ဖြစ်ပြီး ထိုသို့ ဖြေကြားဝန်ဆောင်မှုများကို အခမဲ့ဝန်ဆောင်မှု (Toll Free) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ “စတင်ခေါ်ဆိုလို့ ရနေပါပြီ၊ မြန်မာ့ဆက်သွယ်ရေးဘက်ကရော Call Center ဘက်ကရော ခေါ်ဆိုမှုအတွက် ဖြတ်တောက်မှာမဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ နိုဝင်ဘာလကုန်ခန့်မှ စတင်ကာ ခေါ်ဆိုနိုင်ခြင်းဖြစ်ကြောင်း၊ နံပါတ် 1818 သို့ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ အားကစားကွင်းလိပ်စာများ၊ ပြိုင်ပွဲ ပွဲစဉ် များ၊ အားကစားသမားများ၏ အမည်များ၊ ပွဲစဉ်အနိုင်အရှုံးရလဒ်များ၊ လက်မှတ်ရရှိနိုင်သော နေရာများ အစရှိသည်တို့ကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

1818 Hot Line အနေဖြင့် နိုင်ငံခြားဘာသာစကားများဖြင့်လည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။  အင်္ဂလိပ်၊ တရုတ်၊ ထိုင်း၊ မလေးရှား ဘာသာစကားများဖြင့် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “1818 Hot Line ကို နေပြည်တော်မှာ သီးသန့်ထားရှိပြီး အဲဒီကနေ ပြိုင်ပွဲကျင်းပရာ လေးနေရာက သတင်းအချက်အလက်တွေကိုဖြေကြားပေးသွား မှာဖြစ်ပါတယ” ဟု ဆိုသည်။ ၂၄ နာရီဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းဆိုင်ရာဝန် ဆောင်မှုအပြင် အခြား ဝန်ဆောင်မှုအတွက်လည်း မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

1818 Hot Line သို့ခေါ်ဆိုကာ ဟိုတယ်လိပ်စာများ၊ စားသောက်ဆိုင်လိပ်စာများ၊ Express Ticket and Air Ticket Reservation ပြုလုပ်ခြင်း၊ Map Guide နှင့် လမ်းညွှန် ဝန်ဆောင်မှုတို့ကို မေးမြန်းနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများနှင့် ပရိသတ်များအနဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိပါလည်း ယင်း Hot Line သို့ခေါ်ဆိုကာ သက်ဆိုင်ရာ ဆေးခန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ Call Center အနေဖြင့်  ဆီးဂိမ်းတွင် Information Partner အဖြစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U