Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

N ကိုင်ရာ ရဲ့ မင်္ဂလာပွဲအစီအစဉ်



တေးသံရှင် Nကိုင်ရာက အောက်တိုဘာလ ထဲမှာ သူမရဲ့ဖခင်ဖြစ်သူ ဆုံးပါး သွားတာကြောင့် သူ့ရဲ့ မင်္ဂလာပွဲကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီး အနုပညာ အလုပ်တွေ လည်း ရပ်နား ထားခဲ့ပါတယ်။ အခု နိုဝင်ဘာလ ထဲမှာတော့ Nကိုင်ရာက အနုပညာ အလုပ်တွေကို ပြန်လည် လှုပ်ရှားနေပြီး မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ထဲမှာစီ စဉ်ထားတယ် လို့သိရပါတယ်။

“နေ့လယ်ပိုင်း ကတော့ ဘုရားကျောင်း မှာပဲ မင်္ဂလာပွဲ လုပ်ဖြစ်မယ်။ ဒင်နာ ကိုတော့ ဟိုတယ်ရွေးတုန်းပါပဲ။ ပြီးတော့ အနုပညာ အလုပ်ကို လည်း ဒီကြား ထဲ မှာ ပြန်လုပ် သွားမှာ ပါ။ လေဒီ ကိုင်ရာ စီးရီး MTV ကိုလည်း ချစ်သူများနေ့ အမီထွက်ချင်သေးတာ ဆိုတော့ ဒီကြား ထဲမှာ အလုပ်တော့ နည်းနည်း ရှုပ်နေတယ်” လို့ Nကိုင်ရာ က ပြောပါတယ်။ N ကိုင်ရာက လတ်တလော မှာတော့ သူတို့ မင်္ဂလာပွဲ အတွက် ရည်ရွယ်ထားတဲ့ သီချင်း တစ်ပုဒ် ကိုလည်း မင်္ဂလာပွဲအမီ အသံ သွင်းနေ တယ် လို့ လည်း ပြောပြီး Nကိုင်ရာရဲ့ အမျိုးသား လောင်း ကလည်း ဂီတကို ဝါသနာကြီး တဲ့လူတစ် ယောက်လို့ သိရပါတယ်။

“သူက ကိုင့် ထက်တောင် ဝါသနာ ကြီးသေးတယ်။ သူ့ကိုလည်း အနု ပညာ လောက အကြောင်း ပြောပြတော့ သူလည်း နားလည်ပါတယ်။ သူကလည်း ဝါသနာကြီးတဲ့ အတွက် သူနဲ့လည်း အမှတ်တရလေး တွဲဆို ဖို့တော့ စီစဉ်ထားတယ်။ သူက သီချင်းရေးလည်း ရတယ်။ အရင်နှစ်က ထွက်တဲ့ မနောအလှ ဂီတညထဲ က ကိုင်ဆိုတဲ့ သီချင်း က သူရေးပေး ထားတာ။ ရည်းစား ဖြစ်ခါစတုန်း ကပေါ့” လို့ Nကိုင်ရာ ကပြောပြီး အိမ်ထောင်ပြုပြီး နောက်ပိုင်း မှာလည်း ဒီဂီတ အပေါ် မှာပဲ အကောင်း ဆုံး ဖြစ်အောင် လုပ်သွားမယ် လို့လည်း Nကိုင်ရာ ကပြောပြခဲ့ ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U